အခန်း၉၃

1.4K 220 2
                                    

ဓာတ်လှေကားရောက်ရန် အချိန်အကြာကြီး မစောင့်လိုက်ရပေ။

ကျီဖန်ယင်း ဝင်သွားပြီးနောက် ဘိုင်ကျိုးကို လက်ပြနှုတ်ဆက်လိုက်သည်။ ထို့နောက် သူ့တုံ့ပြန်မှုကို မစောင့်ဘဲ ခေါင်းငုံ့ကာ ဖုန်းဖြင့် တက္ကစီတစ်စီးကို ခေါ်လိုက်သည်။

ဒီတိုက်ခန်းတွင် နေထိုင်သူ သိပ်များများစားစား မရှိဘူးဟု သူမထင်သည်။ ဝယ်ယူသူအများစုသည် ရင်းနှီးမြုပ်နှံဖို့အတွက် အိမ်ခန်းကို ဝယ်ယူခဲ့ကြခြင်းဖြစ်နိုင်သည်၊ မဟုတ်ပါက ဓာတ်လှေကားသည် အကြိမ်တိုင်း လျင်မြန်စွာရောက်ရှိလာမည်မဟုတ်ပေ။

အောက်ထပ်တွင်ရှိသည့် ဧည့်ကြိုကောင်တာတွင်ထိုင်နေသည့် ဝန်ထမ်းသည် ကျီဖန်ယင်းနှင့် ရင်းနှီးပြီးသားဖြစ်သည်။ ဓာတ်လှေကားထဲမှ ထွက်လာတာကိုမြင်တော့ ထီးတစ်လက်ဖြင့် အမြန်လျှောက်သွားလိုက်တယ်။ "ပြန်တော့မလို့လား။"

"အင်း" ကျီဖန်ယင်းက သူမဖုန်းကို အိတ်ကပ်ထဲထည့်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။ "ရပါတယ်။ တက္ကစီလာတော့မှာ။"

"အမှိုက် သွားမပစ်တော့ဘူးလား။" ဧည့်ကြိုဝန်ထမ်သည် ကျီဖန်ယင်း သယ်လာတဲ့ အထုပ်တွေကို လက်ညှိုးထိုးပြပြီး ပြုံးကာ မေးသည်၊ "အဲ့ထိလိုက်ပို့ပေးမယ်လေ။ ဘာပဲဖြစ်ဖြစ် သိပ်မဝေးပါဘူး။"

ဧည့်ကြိုဝန်ထမ်၏ အနက်ရောင်ထီးသည် သူတို့နှစ်ဦးလုံးကို ကာပေးနိုင်လောက်အောင် ကြီးမားပါသည်။ အနည်းဆုံး ကျီဖန်ယင်း၏ ပခုံးများပင် မိုးမစိုခဲ့ပေ။

သူမ ပြန်ရောက်တော့ တက္ကစီတစ်စီးက ဝင်ပေါက်မှာ စောင့်နေပြီ။

ဧည့်ကြိုဝန်ထမ်း ကျီဖန်ယင်းကို ကားထိလိုက်ပို့ပြီးနောက် အနည်းငယ် ဦးညွှတ်ကာ "ကောင်းကောင်းသွားပါ"

"နောက်မှတွေ့ကြတာပေါ့" ကျီဖန်ယင်းသည် ဧည့်​ကြိုဝနိထမ်းလစာသည် အလွန်များပြားလောက်သည်ဟု တွေးခဲ့သည်။

ကားတံခါးမပိတ်ခင် သူမကို လူတစ်ယောက် စိုက်ကြည့်နေတာကို သတိထားမိသောကြောင့် တိုက်ခန်းအပေါ်ဘက်သို့ မော့ကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now