အခန်း၁၈၁

758 136 0
                                    

ထိုအချိန်တွင် သူတို့နှစ်ဦးသည် မစ္စစ်ဘိုင်ထံသို့ လျှောက်သွားနေ​ကြပြီဖြစ်သည်။ မစ္စစ်ဘိုင်က မိန်က​လေးနှစ်ယောက်ကိုကြည့်ကာ ပြုံးပြပြီး "ကျန်းနင်... မစ္စကျီ"

"ဒါက ကျွန်မရဲ့ စီးပွားရေးပါတနာ ကျီဖန်ယင်းပါ" လို့ ကျန်းနင်က အမြန်ရှင်းပြလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်" ကျီဖန်ယင်းက ယဉ်ကျေးသော အပြုံးဖြင့် နှုတ်ဆက်သည်။ "ပထမဆုံးအကြိမ် တွေ့ဆုံမှုပါ။"

"ကျီဖန်ယင်း?" မစ္စစ်ဘိုင်သည် မျက်မှောင်ကြုတ်ကာ စဉ်းစား​နေသည်။ သူမ၏မျက်ခုံးများသည် အချင်းချင်း ထိစပ်တော့မတတ် ကြုတ်နေပြီး မှတ်မိရန်ကြိုးစားနေပုံပေါ်သည်၊ "အာ... မင်းက ကျီရှင်းရှင်းရဲ့ အမွှာမလား။"

မစ္စစ်ဘိုင်သည် ကျီဖန်ယင်းကို ပြန်ကြည့်ကာ သူမ၏မျက်နှာကို သေချာ​ကြည့်ရှုပြီး "မင်းတို့နှစ်ယောက်ကအတော်လေးတူကြတာပဲ... ခွင့်လွှတ်ပါ၊ ဒါပေမယ့် ကျွန်မက ကျီမိသားစုထဲကလူတွေကိုတော့ သိပ်သဘောမကျဘူး။"

သူမသည် အလွန်တည့်တိုးဆန်ပြီး အထက်တန်းလွှာလူ့အဖွဲ့အစည်းတွင် တွေ့နေကျ ကျက်သရေရှိအမျိုးသမီးပင်။

ကျီဖန်ယင်းသည် ချမ်းသာကြွယ်ဝသူများ၏ပုံစံများကို အ​တော်ရင်းနှီးတာကြောင့် သူမ၏စိတ်သည် မတုန်လှုပ်သွားခဲ့ပေ။ သူမသည် ရိုးရှင်းစွာ ပြုံး၍သာ ပြန်တုန့်ပြန်သည်။

သို့သော် မကြာမီတွင် မစ္စစ်ဘိုင်က ပြုံးပြီး "ဘာပဲဖြစ်ဖြစ် မင်းက ကျန်းနင်ရဲ့ သူငယ်ချင်းဆိုတော့ မတူတော့ဘူး။"

ကျန်းနင်သည် သူတို့ကြားတွင် ဖျန်ဖြေသည့်သဘောဖြင့်ရှိနေတာကြောင့် မစ္စစ်ဘိုင်သည် ကျီဖန်ယင်းကို စော်ကားသည့် အတိုင်းအတာအထိတော့ သွားလိမ့်မည်မဟုတ်ပေ။ သူတို့သုံးဦးသည် အချင်းချင်း ယဉ်ကျေးစွာ ခဏလောက် စကားပြောဆိုခဲ့ကြပြီးနောက် ချက်ချင်းပင် အဆုံးသတ်လိုက်ရသည်။

ကျန်းနင်က သူမသိသော လူတစ်ယောက်ကို တွေ့လိုက်တာကြောင့် မစ္စစ်ဘိုင်က ခေါင်းညိတ်ကာ သွားခိုင်းလိုက်သည်။ သို့သော် ကျီဖန်ယင်းသည် ထိုနေရာတွင် ကျန်ရစ်နေခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူΌπου ζουν οι ιστορίες. Ανακάλυψε τώρα