အခန်း၆၃

1.7K 261 2
                                    

Disneylandတွင် စိတ်ဝင်စားဖွယ်အရာများစွာရှိပြီး ကစားစရာများလည်းများစွာရှိသော်လည်း ထိုဝန်ဆောင်မှုများကြောင့် တစ်နေ့တာလုံး ပင်ပန်းပြီး အဆင်မပြေဖြစ်မည်ကို Disneylandသို့ ရောက်ဖူးသူများသာ သိကြလိမ့်မည်ဖြစ်သည်။

ပြောစရာပင်မလိုအောင် ကျီဖန်ယင်းဟာ လမ်းလျှောက်ရတာ လုံးဝကို မသက်မသာဖြစ်​သော ဒေါက်နိမ့်တဲ့သားရေဖိနပ်ကို ဘိုင်ကျိုးကြောင့် ၀တ်ဆင်ခဲ့ရပါသည်။

ဒါပေမဲ့ အလုပ်က အလုပ်ပဲ။ သူမဟာ သရုပ်ဆောင်​ဖြစ်ခဲ့ချိန်ကတည်းက ခက်ခဲကြမ်းတမ်းခဲ့တာမို့ Disneylandမှာ တစ်ရက်လောက်သည် ပြဿနာမရှိပေ။

သူတို့ နှစ်ယောက် အပန်းဖြေဉယျာဉ်ထဲ တစ်​​နေကုန် လမ်းလျှောက်ပြီး ညမိုးချုပ်တဲ့အထိ ဆော့ကြသည်။

ကျီဖန်ယင်းကို အံ့အားသင့်စေတာက ဘိုင်ကျိုးသည် ဒီအချိန်များတွင် အကောင်းဆုံးဖြစ်အောင် ကြိုးစား​နေပြီး အများကြီး ကြိုတင်စုံစမ်းထားသည့်ပုံပင်။ ထိုထဲမှ ​ဖြတ်လမ်းများ၊ သိပ်မစောင့်ရသော စီးစရာများနှင့် 'Fastpass'ကိုတောင် သိသည်။

သူသည် သူမကို နာမည်ကြီးများ ကြော်ငြာထားသော လူစည်သောနေရာများနှင့် ခရီးသွားနေရာများသို့လည်း ခေါ်သွားပေးခဲ့သည်။

တခြားလူတွေအတွက်တော့ ဒီလိုနေရာများကိုလည်ပတ်သည်မှာ ပုံမှန်ဆိုသော်လည်း ဘဝင်မြင့်သော ဘိုင်ကျိုးအတွက်တော့ အံ့ဩစရာတစ်ခုဖြစ်နေခဲ့ပါသည်။

"ကျွန်တော် ငယ်ငယ်​လေးကတည်းက ဒီကိုလာချင်နေခဲ့တာ" လက်ထဲတွင် မီးပျံပူဖောင်းကိုဆွဲထားရင် ဘိုင်ကျိုးက ပြောသည်။

ဤမိုးပျံပူဖောင်းတွင် အလွှာနှစ်ခုပါရှိသည်။ အပြင်ဘက်အလွှာသည် ဖောက်ထွင်းမြင်ရသည့် ပူ​ဖောင်းဖြစ်ပြီး အတွင်းထဲတွင်တော့ အဝါရောင် မစ်ကီမောက်စ်ရှိသည်။

"မင်းမသွားခဲ့ရလို့လား။" ကျီဖန်ယင်းက မေးသည်။

ဤအခိုက်အတန့်တွင် သူမသည် ဒီမိုးပျံပူ​ဖောင်းသည် စျေးကြီးလွန်းသည်ဟု တွေးနေမိသည်။

"…အင်း၊ ဒီနေရာကို စဖွင့်ခါစက အတန်းဖော် တော်တော်များများက မိဘတွေနဲ့ ဒီကိုသွားကြတယ်"ဟု ဘိုင်ကျိုးက စိတ်ပျက်ဝမ်နည်းစွာ ပြောသည်။ "သူတို့အားလုံးက ဒီနေရာက ဘယ်လောက်​တောင်ပျော်ဖို့ကောင်းတဲ့အကြောင်း ကျွန်တော့်ကိုကြွားနေခဲ့ကြတာ၊ တကယ်ကို မနာလိုစရာကောင်းခဲ့တယ်။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now