အခန်း၁၀၆

1.3K 161 1
                                    

"မမ ခုလေးတင်စဉ်းစား​ကြည့်​နေတာ၊ ဟိုကအချိန်နဲ့ဆို အခု မမမွေးနေ့ရောက်နေပြီမလား။" ကျီဖန်ယင်း စဉ်းစားကာ ပြောလိုက်သည်။

ဂရိနှင့် တရုတ်ကြားတွင် ခြောက်နာရီ ကွာခြားပါသည်။ အခုအချိန်တွင် ဂရိသည် ညနေခင်း​ရောက်နေပြီဖြစ်တာကြောင့် တရုတ်နိုင်ငံတွင် ညသန်းခေါင်ကျော်နေပြီဖြစ်သည်။

ဘိုင်ကျိုး အံ့သြသွားသည်။ သူသည် မတ်တပ်အမြန်ထရပ်ကာ တရုတ်နိုင်ငံရှိအချိန်ကို စစ်ဆေးရန် သူ့ဖုန်းကို ရှာကာကြည့်လိုက်သည်။ ညသန်းခေါင်ကျော်ပြီဆိုတာ အတည်ပြုပြီးနောက် အပေါ်ထပ်သို့ အမြန်တက်သွားခဲ့သည်။ သူသည် လှေကားတက်နေရင်း မတော်တဆ ခြေချော်သွားကာ 'ဘန်း!' ဟူသော အသံပင် ကျယ်​လောင်စွာ ထွက်လာခဲ့သည်။

အသံကို ကြားရုံကြားလိုက်ရသော ကျီဖန်ယင်းသည်ပင် လန့်သွားသည်။

သို့သော် ဘိုင်ကျိုးသည် နာကျင်မှုကို တောင့်ခံကယ လှေကားထစ်ကို အမြန်တက်တက်သည်။ သူ့အခန်းထဲကို ရောက်သွားသောအခါ ဆူညံသံများသည် တိတ်ဆိတ်သွားသည်။

ထိုအချိန်တွင် ကျီဖန်ယင်းသည် ပန်းကန်ခွက်ယောက်များကို ဘေစင်ဆီသို့ သယ်ဆောင်သွားနေခဲ့သည်။

သူမသည် အစားအသောက်ကောင်းများ စားရခြင်းကို နှစ်သက်သူတစ်ဦးဖြစ်သော်လည်း ရှားပါးသည်က သူမသည် ချက်ပြုတ်ခြင်းနှင့် သန့်ရှင်းရေးလုပ်​ခြင်းတို့ကိုလည်း နှစ်သက်​သေးသည်။ ထိ့ကြောင့် မီးဖိုချောင်ထဲရောက်နေသောအချိန်များဆို သူမဟာ စိတ်အခြေအနေကောင်းနေတတ်ပါသည်။

သူမသည် အချိန်ကိုကြည့်ကာ ကိတ်မုန့်ဖုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘိုင်ကျိုးက အပေါ်ထပ်မှာ ဆိုပေမယ့် သူဘာလုပ်နေလဲဆိုတာ သူမ သိပါသည်။

မွေးနေ့ရောက်နေပြီဆိုတော့။ ကျီရှင်းရှင်းကို အမြန်ဖုန်းဆက်​ပြီး မွေးနေ့ ဆုတောင်းပေးရပါမှာပေါ့။

သူမဖုန်းသည်လည်း တစ်နေကုန် အလုပ်ရှုပ်နေပါလိမ့်မယ်။

...

ဘိုင်ကျိုး ပထမဆုံးလုပ်ခဲ့တာက သူ့Wechatထဲသို့ဝင်ကာ ကျီရှင်းရှင်းရဲ့ Wechat Momentsကို စစ်ဆေးတာပါပဲ။ သူမမွေးနေ့နဲ့ ပတ်သက်သော ဓာတ်ပုံ၊ ပိုစ့်များ မရှိသေးသော်လည်း တစ်စုံတစ်ယောက်က သူမကို မွေးနေ့ဆုတောင်းပေးပြီးလောက်ပြီဟူသော ဖြစ်နိုင်ချေရှိသေးပါသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now