အခန်း၃၆

2.1K 279 10
                                    

ကျီဖန်ယင်းသည် ဘိုင်ကျိုးဆီမှ ထွက်လာချိန်တွင် 8 နာရီ​ကျော်ရှိသေးသည်။  သူမ မျက်နှာကို ပေါင်းတင်ရန် အချိန်မီရောက်သွားခဲ့ပြီး တောက်ပြောင်သော အသားအရေဖြင့် အိမ်သို့ ပြန်လာခဲ့သည်။

နောက်နေ့တွင်ရှိ​နေသော သူမ၏အလုပ်ကို ထည့်သွင်းမစဉ်းစားခြင်းခဲ့ဘဲ ရိုးရှင်းစွာ အစိုဓာတ်ထိန်းရန်သာ ပေါင်းတင်ခဲ့သည်။

သူမသည် ကိုယ့်ကိုကိုယ်နှစ်သိမ့်ပေးချင်သော်လည်း ဝင်ငွေ၏အနည်းငယ်ကိုသာ အလှအပအတွက်သုံးစွဲနိုင်သည်။

အိပ်ရာမဝင်မီ 'အိမ်ပြန်ဖို့ရန် ဖျားယောင်းသွေးဆောင်ခြင်း' ထဲကို ဝင်​ရောက်ကြည့်ရှုခဲ့သည်။

သူမ ဘိုင်ကျိုးနဲ့ စပတ်သက်ကတည်းက ဝင်လာတဲ့ ပမာဏက နည်းနည်းတော့ များလာသည်။ တစ်ပတ်ကြာ အလုပ်ကြိုးစားပြီးနောက်တွင် သူမသည် ပထမဆုံးသော ၁၀သန်းကို ရရှိခဲ့ပြီဖြစ်သည်။

အများစုသည် စိတ်ခံစားချက်အမှတ်မှ ဆိုသော်လည်း သူမသည် ခက်ခဲစွာ ငွေသား ယွမ်၄သန်းကို ရရှိခဲ့သည်။

ကျီဖန်ယင်း၏ အရင်တုန်းက ပိုင်ဆိုင်မှုတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပေမဲ့ ဒီငွေတွေကို အချိန်တိုလေးအတွင်း ရနိုင်ခဲ့တာကို စဉ်းစားကြည့်ရင်...

အင်း၊ ကောင်းကောင်း လက်ခံနိုင်သေးတာပေါ့။

သူမ၏ဖောက်သည်များစာရင်းကို ချဲ့ထွင်သည့်အခါတွင် သူမသည် သေချာပေါက် ဂရုစိုက်ရပေမည်။ တကယ်လို့ သူများ၏လူကိုသွားယူမိရင် ဆိုးရွားနေလိမ့်မည်။

'အိမ်ပြန်ဖို့ရန် ဖျားယောင်းသွေးဆောင်ခြင်း'မှ တစ်ဆယ်ဘီလီယံငွေသည် နောက်ဆုံးသတ်မှတ်ရက်လည်း မရှိတာကြောင့် အခုအချိန်တွင် လက်လှမ်းမမီနိုင်ဟု မထင်မိတော့ပေ။

ဤအလုပ်သည် ယာယီသာဖြစ်ပြီး ခဏသာလုပ်လို့ရမည်ကို သူမသိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမသည် ဂရုတစိုက်ဆက်လက်လုပ်ဆောင်​နေပြီး နောက်ထပ်ဆယ်စုနှစ်အနည်းငယ်အထိကြာအောင် အသက်ရှင်နေသေးရင် သူမ၏မူလကမ္ဘာသို့ ပြန်သွားရန် လိုအပ်သောငွေပမာဏကို စုဆောင်းရန် အချိန်တစ်ခုသာလိုမည်​ဖြစ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now