အခန်း၁၆၂

997 143 1
                                    

"ငါကြို​ပြီးစာရင်းသွင်းတာကို ဘာလို့ငြင်းတာလဲ။"

ဘိုင်ကျိုးက ဒီမေးခွန်းကို နောက်တစ်နေ့မနက် ကျီဖန်ယင်းနဲ့ တွေ့တွေ့ချင်း တင်ပေးလိုက်ပါတယ် ။

"ဘာကိုကြိုပြီးစာရင်းသွင်းတာလဲ" ကျီဖန်ယင်းက အပြစ်ကင်းစွာ မေးလိုက်သည်။ "မနက်စာမစားရသေးဘူးမလား။ မမ မင်းအတွက် sandwichပြင်လာခဲ့တယ်။"

"မင်းရဲ့အချိန်ဇယားကိုတောင် ပိတ်တောင်ချလိုက်သေးတယ်!" ဘိုင်ကျိုး အော်လိုက်သည်။ ကျီဖန်ယင်းလက်ထဲက အသားညှပ်ပေါင်မုန့်ကို လုယူပြီး ကြည့်ကာ "ငါတို့ဂရိကို အတူသွားတုန်းကလို တခြားတစ်ယောက်နဲ့ ခရီးသွားမလို့မလား။ ပြီးတော့ ငါက နာမည်​ကြီးဆိုင်တွေက sandwichမဟုတ်ရင် မစားဘူး!"

ကျီဖန်ယင်းသည် အသားညှပ်​ပေါင်မုန့်ကို ပြန်လုရန် ကြိုးစားမှုလိုက်ပြီး "ဒီမနက်ပိုလုပ်လာတာ။ မင်းမစားချင်ရင် ပြန်ပေး။"

ဘိုင်ကျိုးသည် ကျီဖန်ယင်း၏ ချဉ်းကပ်လာသော လက်ကို တားဆီးရန် သူ့ခန္ဓာကိုယ်ကို မသိစိတ်မှ လှည့်လိုက်ပြီး "မစားရင်တောင် ပြန်ပေးမှာမဟုတ်ဘူး။"

"ဒါဆိုလည်း မစားနဲ့။"

"ဘာလို့ မင်းစကားနားထောင်ရမှာလဲ" ဘိုင်ကျိုးသည် ပလတ်စတစ်ကို စိတ်မရှည်စွာ ဆုတ်ဖြဲလိုက်ပြီး အသားညှပ်ပေါင်မုန့်ကို ကိုက်လိုက်သည်။ ထို့နောက် အံ့သြစွာ မျက်လုံးများ ပြူးကျယ်သွား၏။ အသားညှပ်ပေါင်မုန့်ထဲရှိ ပါဝင်ပစ္စည်းများကို အ​မြန်စစ်ဆေးကြည့်လိုက်သည်။

အသားညှပ်ပေါင်မုန့်ကို ဘိုင်ကျိုးအတွက် အထူးပြင်ဆင်ထားတာကြောင့် ကျီဖန်ယင်းက မုန့်၊ အစာနဲ့ ဆော့စ်များအာလုံးကို သူ့အကြိုက်ဖြင့် ပြုလုပ်ထားခဲ့သည်။

သူမလက်ကို ကျောနောက်ပစ်ကာ ရယ်မောပြီး "ဘယ်လိုလဲ၊ စားကောင်းတယ်မလား။"

ဘိုင်ကျိုးသည် အသားညှပ်ပေါင်မုန့်ကို အမြန်စားရင်း သူမကို စိုက်ကြည့်နေသည်။ ထို့နောက် လက်ထဲမှာ မုန့်အမှုန့်များကို ခါလိုက်ကာ "ဒီနေ့ အပြင်မထွက်ဘူး" ဟု ပြောလိုက်တယ်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now