အခန်း၂၅

2.3K 292 0
                                    

သရုပ်​ဆောင်အဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းပြီးနောက် သူမကို ခိုးရိုက်သော ကင်မရာများကို သတိထားမိလာခဲ့သည်။

သူမသည် ပတ်ဝန်းကျင်ကို မသိစိတ်မှ တစ်ချက်​ဝေ့ဝိုက်ကြည့်လိုက်သော်လည်း ဘာကိုမှ ရှာမတွေ့ခဲ့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမသည် တရားခံကို မှန်းဆနိုင်ပါ​သေးသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က 'သူမကို စောင့်ကြည့်နေမည်'ဟု ပြောခဲ့သူတစ်ဦးရှိသည်။

ဘိုင်ကျိုးသည် ဖြစ်နိုင်ခြေအရှိဆုံး သံသယရှိလူဖြစ်သည်။  သူ၏ ပင်ကိုယ်စရိုက်အရ ဒီလိုအရာများကို လုပ်နိုင်ချေလည်းရှိသည်။

“ကျွန်တော်ပြောတဲ့ စားသောက်ဆိုင်က ဒီရုပ်ရှင်ရုံရဲ့အောက်ထပ်တင်၊ သွားစားကြမလား... ကျီဖန်ယင်း?" ကျိုးချီက သူမကို ခေါ်လိုက်သည်။

ကျီဖန်ယင်းသည် သူမအကြည့်ကို ဖယ်လိုက်ပြီး ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။  ထို့နောက် သူမက “သွားကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်မလည်း ဒီနေ့အားနေတာဆိုတော့။ ဒီဇာတ်ကားကို ညွှန်းပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မ နေ့လယ်စာကို ဒကာခံလိုက်မယ်။"

ကျိုးချီက သူ့နှာခေါင်းကို ထိလိုက်ပြီး "ဒါဆို နောက်တစ်ခေါက် ကျွန်တော်ဒကာခံလိုက်ရမလား။"

“အခွင့်အရေးရှိရင်ပေါ့”

ကျီဖန်ယင်းက လုံးဝ မငြင်းလိုက်ပေ။  သူမသည် ဒီနေရာတွင် တစ်ယောက်တည အထီးကျန်စွာ နေထိုင်ရန် ရည်ရွယ်မထားပေ။ သူမ ဒီမှာမိတ်ဆွေတွေ ဖွဲ့နိုင်ခဲ့ရင် ကောင်းမည်။

ကျိုးချီ ပြောတဲ့ စားသောက်ဆိုင်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ စတင်ဖွင့်လှစ်ခဲ့တဲ့ ထိုင်းဟော့ပေါ့ဆိုင်တစ်ခုဖြစ်သည်။ ထိုစားသောက်ဆိုင်သည် အလွန်နာမည်ကြီးပြီး ကာစတမ်မာအများစုသည် ပြန်လာ၍စားတတ်ကြသည်။ ဒီဆိုင်မှ တုံယန်းဟင်းရည်သည် ပင်လယ်စာဖြင့်အလွန်လိုက်ဖက်သည်။

စားသောက်နေစဉ် ကျီဖန်ယင်းသည် သူမ၏ ထက်မြက်သော ဆဋ္ဌမအာရုံဖြင့် သူမ​နောက်လိုက်​နေသူကို ရှာဖွေနိုင်ခဲ့သည်။ ထိုလူသည် ဘိုင်ကျိုး မဟုတ်ဘဲ ခေါင်းမှခြေဖျားအထိ သာမန်ဆန်​သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now