အခန်း၁၉၀

652 120 2
                                    

အဲဒီအချိန် ချန်ယွမ်ရှန်းက နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့လာသည် [ကျွန်တော် အစ်မကို အချစ်ရေးကိစ္စတွေ စိတ်မဝင်စားဘူးလို့ ထင်နေခဲ့တာ။]

ထိုမက်ဆေ့ချ်အတိုလေးကို ရိုက်ရန် တစ်မိနစ်ပင် အချိန်ယူခဲ့တာကြောင့် သူဘယ်လောက် တွေးတောထားခဲ့သည်က ထင်ဟပ်နေသည်။ နောက်ဆုံး လက်ရှိစကားစုကို မပို့မီ အကြိမ်ပေါင်းများစွာ ပြန်ပြင်ခဲ့သေးသည်။

ကျီဖန်ယင်းအမြင်အရ သူတကယ်မေးချင်တာက 'စုန့်ရှီးယွီနဲ့ မရင်းနှီးဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား။'

ဒါကြောင့် ကျီဖန်ယင်းက ချန်ယွမ်ရှန်းရဲ့ မက်ဆေ့ချ်ကို replyပြန်တဲ့ခလုတ်ကို နှိပ်လိုက်ပြီး [အစ်မ စုန့်ရှီးယွီနဲ့ မရင်းနှီးပါဘူး]

အချိန်အတော်ကြာအောင် chat boxထဲတွင် ချန်ယွမ်ရှန်းသည် တစ်စုံတစ်ခုကို စာရိုက်နေသည်ဆိုတာက ထင်ဟပ်နေသည်။ အဆုံးတွင် သူသည် စာရိုက်ခြင်းကို စွန့်လွှတ်လိုက်ပြီး 'ငှက်ကုလားအုတ်ဦးခေါင်းကို မြေထဲဝပ်လိုက်သော' ဟူသော အီမိုဂျီကို ပေးပို့ခဲ့သည်။

ကျီဖန်ယင်းသည် ပရိုဂရမ်မာ 996ကို ဖောက်သည်အကောင့်ကို blacklistသွင်းနိုင်လားဆိုတာကို မေးမြန်းခဲ့သည်။

ဂရိုဂရမ်မာ996က အချိန်အနည်းငယ်ကြာမှသာ ပြန်ဖြေသည် [ကျွန်တော် အမြန်လုပ်ပေးလိုက်မယ်။ ဒီည လုပ်ပြီးတာနဲ့ ပို့ပေးလိုက်ပါ့မယ်။]

ယခင်က နှစ်ခေါက် အတူအလုပ်လုပ်ခဲ့ဖူးတာကြောင့် ကျီဖန်ယင်းသည် ဂရိုဂရမ်မာ 996၏ အရည်အချင်းနှင့် ပင်ကိုယ်စရိုက်ကို ယုံကြည်သည်။ ဒါကြောင့် သူ့ဆီ ပိုက်ဆံအပြည့်ကို ကြိုလွှဲပေးလိုက်သည်။

...

ကျီဖန်ယင်းသည် နောက်ဆုံးအကြိမ်က ဘိုင်မိသားစု၏ ကိုယ်ပိုင်ဂျက်လေယာဉ်ကို စီးကာ ဘိုင်ကျိုးနှင့်အတူ ဂရိနိုင်ငံသို့ လိုက်ပါသွားခဲ့သည်။ ဒီတစ်ခါမှာတော့ လီရှောက်ရှင်းရဲ့ အတွင်းရေးမှူးက သူမအတွက် business classလက်မှတ်ကို ကြိုတင်ချိတ်ထားပေးပါသည်။

လီရှောက်ရှင်းသည် အလုပ်ကိစ္စရပ်အချို့ကို ကိုင်တွယ်ရန် ရှေ့ရက်အနည်ငယ်ကတည်းက ကြိုသွားလိုက်တာကြောင့် သူမသည် လီရှောက်ရှင်းနှင့် အတူသွားစရာမလိုပေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now