အခန်း၆၇

1.7K 254 8
                                    

သူပြန်အိပ်ဖို့ရည်ရွယ်ချက်ဖြင့် စောင်ကို ဆွဲယူလိုက်ပေမယ့်လည်း စောစောက အိပ်တာကြာလွန်းတာကြောင့် ဖြစ်နိုင်သည်၊ လုံးဝမအိပ်ချင်ပေ။

နေ့လည်ခင်လောက်က သူစားခဲ့တဲ့ဆန်ပြုတ်သည် အကြာကြီး မခံပေ။ မတရားခံနေရသကဲ့သို့ သူ၏ဗိုက်သည် စတင်မြည်လာခဲ့သည်။

သူသည် ဝုန်းဒိုင်းကြဲနေသကဲ့သို့ အချိန်အတော်ကြာအောင် ကုတင်ထဲတွင် လူးလိမ့်နေခဲ့သည်။ တစ်နာရီလောက်ကြာပြီးနောက် သူ့ဖုန်းကို ပြန်​ကောက်ရန် အိပ်ယာပေါ်မှ ထလာသည်။

စခရင်သည် အက်ကွဲသွားပြီး ပြဿနာအနည်းငယ်ရှိသော်လည်း ဖုန်းခေါ်ဆိုလို့တော့ရနေဆဲဖြစ်သည်။ သူ၏အဆက်အသွယ်များစာရင်းကို နှိပ်လိုက်သည်နှင့် တစ်ဖန် 'ကျီဖန်ယင်း' အမည်သည် သူ၏ဖုန်းစခရင်ပေါ်တွင် ပေါ်လာသည်။

သို့သော် ဆယ်နာရီနီးပါးရှိနေပြီဖြစ်သော်လည်း သူမ၏ဖုန်းသည် ပိတ်ထားဆဲဖြစ်သည်။

စုန့်ရှီးယွီသည် အချိန်ကိုကြည့်ကာ ကျီဖန်ယင်းက 'အရည်အချင်းကိုပဲရောင်းတာ ခန္ဓာကိုယ်မဟုတ်' ဟုဆိုထားသော်လည်း ကျီဖန်ယင်းသည် ပိုက်ဆံအတွ​က် ဘယ်လောက်လုပ်နိုင်လဲဆိုတာကို သံသယဖြစ်လာသည်။

သူက ညဘက် ဝန်ဆောင်မှုပါမပေးလောက်ဘူးမလား။

စုန့်ရှီးယွီ၏ ဦးနှောက်သည် အနည်းငယ် နှေးကွေးသွားပြီး မှင်တက်တက်ဖြင့် ဖုန်းကို စိုက်ကြည့်နေသည်။ သူ့ဦးနှောက်က ဘာကိုမှမတွေးနိုင်တော့သလို ခံစား​နေရပေမယ့် တစ်ချိန်တည်းမှာပဲ အတွေးများစွာနဲ့ ပြည့်နှက်နေသလို ခံစားနေရသည်။

ထိုအချိန်တွင် သူ့ဖုန်းက ရုတ်တရက် တုန်ခါလာပြီး 'ကျီဖန်ယင်း' ဟူ​သော နာမည်က စခရင်တွင် ပေါ်လာသည်။

စုန့်ရှီးယွီသည် စခရင်ကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေပြီး 'လက်ခံသည်' ဟူသော ခလုတ်အပေါ်တွင် သူ့လက်ချောင်းများ ဝဲပျံနေသော်လည်း တစ်နည်းနည်းဖြင့် မနှိပ်လိုက်ပေ။

သူအခု ကျီဖန်ယင်းရဲ့ အသံကို တကယ်ကြားချင်နေသလားဆိုတာ မသေချာပါဘူး။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now