အခန်း၄၁

2K 273 2
                                    

ခဏကြာတော့ ကျီဖန်ယင်းက သူ့ဆီက လိပ်စာကိုရလိုက်ကာ တက္ကစီတစ်စီးကို လှမ်းခေါ်ပြီး ဘိုင်ကျိုးရဲ့ တိုက်ခန်းကို သွားလိုက်သည်။

ဘိုင်ကျိုးကဲ့သို့သော အခွင့်ထူးခံနောက်ခံရှိသူတစ်ဦးသည် အဆင့်မြင့်ကွန်ဒိုတွင် နေထိုင်တာ သဘာဝပင်။  Penthouseတိုက်ခန်းရှိတဲ့အတွက် အချိန်ပြည့်အဆင်သင့်ရှိနေသော အိမ်ထိန်းတစ်ဦးလည်း ရှိပါသည်။

အိမ်ထိန်းက ကွန်ဒိုအဝင်ပေါက်မှာ စောင့်နေခဲ့သည်။ သူမရောက်လာသောအခါတွင် Penthouseဆီသို့ ခေါ်ဆောင်သွားကာ တံခါးကိုပါဖွင့်ပေးခဲ့ပြီး မေးခွန်းတစ်ခုမမေးဘဲ ​ပြန်ထွက်သွားသည်။

သူ့အလုပ်ရှင်၏ကိုယ်ရေးကိုယ်တာအား လေးစားသည်ကိုကြည့်တာနဲ့ သူသည်ပရော်ဖက်ရှင်နယ်ကျမှန်း သိသာသည်။

ကျီဖန်ယင်းသည် ဖိနပ်စင်တွင် သေးငယ်သော ဖိနပ်များကို ရှာမတွေ့ခဲ့သဖြင့် ဆိုဒ်ကြီးသော ဖိနပ်ကိုသာ ဝတ်လိုက်ရသည်။

သူမသည် ဟင်းချက်ခြင်းကို အလွန်ဝါသနာပါသည်။  သူမသည် မီးဖိုချောင်ထဲတွင် ပါဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်လိုက်ကာ လိုက်လျောညီထွေစွာ ကိုင်တွယ်တော့သည်။  ဟင်းချက်တာက သူမအတွက် တော်တော်ပျော်ဖို့ကောင်းတာကြောင့် မကြာခင်မှာပဲ သူမစတင်ကာ တေးညဉ်းနေလိုက်သည်။

မိနစ်နှစ်ဆယ်လောက်ကြာတော့ ဘိုင်ကျိုး ရောက်လာသည်။

တံခါးဖွင့်လိုက်သောအခါတွင် သူ့မျက်နှာသည် စိတ်အားထက်သန်နေပုံပေါ်သည်။ တံခါးဝနားက ဖိနပ်တစ်ရံကို သူသတိပြုမိသောအခါ မီးဖိုချောင်ဘက်သို့ အမြန်လှည့်ပြီး လက်ညှိုးကို ပါးစပ်ဆီ ကပ်ပြကာ ကျီဖန်ယင်းကို အသံမထွက်ရန် ပြောလိုက်သည်။

ကျီဖန်ယင်းသည် သူမ၏နှုတ်ခွန်းဆက်မည့်စကားများကို အမြန်မျိုချလိုက်သည်။

"အခုလား။ ရတာပေါ့။" ဘိုင်ကျိုးက ဖုန်းထဲကလူကိုပြန်ဖြေနေပြီး သူ့စိတ်အခြေအနေက ကောင်းနေမှန်း သိသာပါသည် "မမ ဒီနေ့ အတန်းမရှိဘူးလား"

ကျီဖန်ယင်းက ချက်ချင်းပဲ သိလိုက်တယ်။

အော်၊ ကျီရှင်းရှင်းရဲ့ ပုံမှန်စစ်ဆေးမှုပဲ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now