အခန်း၁၁၉

1.2K 175 3
                                    

ကျီဖန်ယင်းက ခဏလောက် တွေးမိသော်လည်း ဒီမေးခွန်းကို စိတ်ထဲပြန်ထည့်လိုက်သည်။

လီရှောက်ရှင်း၏မျက်လုံးများမှာပဲ သူမသည် ဖုန်းကိုထုတ်ကာ နှစ်နာရီအချိန်သတ်မှတ်ပြီး အလုပ်ထဲစိတ်နှစ်လိုက်တော့သည် "ကျွန်မ ပြောလိုက်မယ်။ ရှင်လုပ်နေခဲ့တာတွေက အသုံးမဝင်ဘူး။"

လီရှောက်ရှင်း: "..."

ကျီဖန်ယင်းက သူမဖုန်းထဲက မေးခွန်းကို လက်ညှိုးထိုးပြကာ သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည် "ရှင့်တို့တွေ့တဲ့အချိန်တွေက တစ်နှစ်မှာ အများဆုံးဆယ့်နှစ်ကြိမ်လောက်ပဲ ရှိတယ်၊ တစ်လမှာ တစ်ကြိမ်တောင် မတွေ့တဲ့ အချိန်မျိုးတောင်ရှိသေးတယ်။ ဒီလောက်တွေ့တဲ့ အကြိမ်ရေလေးရယ်၊ ရှင့်ရဲ့အေးစက်နေတဲ့စရိုက်မျိုးရယ်နဲ့ သူက ရှင့်တစ်ယောက်တည်းကိုပဲ ကြိုက်ဖို့ မျှော်လင့်ချင်တယ်ပေါ့။"

လီရှောက်ရှင်း "... ကျီဖန်ယင်း စကားကိုကြည့်ပြော။"

"ရှင်က ဒီနှစ်နာရီအတွင်းမှာ ကျွန်မကျောင်းသားပဲ" ကျီဖန်ယင်းက သူ၏ပါးစပ်ကို ကရုဏာမရှိ ပိတ်ပစ်လိုက်တယ်။ "ဒီမေးခွန်းကိုကြည့်၊ သူဘက်က ရှင့်ကို ဆက်သွယ်မလာရင် ရှင်ဘက်က ဘယ်​လောက်ထိစောင့်ပြီး သွားဆက်သွယ်လဲ။ ရှင်က ခြောက်လကနေ ဆယ့်နှစ်လအတွင်းလို့ ဖြေထားတယ်။ မစ္စတာလီ၊ ကျွန်မ အရမ်းရိုးသားမိသွားလို့တောင်းပန်ပါတယ်၊ အဲဒါက အမျိုးသမီးတစ်ယောက် ကလေးမွေးဖို့အတွက် လုံလောက်တဲ့အချိန်ပဲ​နော်။"

လီရှောက်ရှင်းသည် အသံသာ တိတ်နေခဲ့သည်။ စားပွဲထိုးက အစားအသောက်တွေ လာချပေးခဲ့သောအချိန်ကျမှသာ တင်းမာနေပြီး အဆင်မပြေသော လေထုသည် အနည်းငယ် သက်သာသွားခဲ့သည်။

ကျီဖန်ယင်းက စိတ်ပျက်လက်ပျက် ခေါင်းခါရင်း မေးခွန်းလွှာကို ဆက်ဖတ်သည်။ သူမသည် ဘာသာရပ်အားလုံးတွင် အမှတ်သုံးဆယ်သာရခဲ့သော်လည်း ချင်းဟွာတက္ကသိုလ်ကိုတက်ချင်နေသော ကျောင်းသားနှင့် ဆက်ဆံနေရသည့် ကျူရှင်ဆရာမဖြင့် တူနေပါသည်။
{T/N:ချင်းဟွာနဲ့ ပီကင်းတက္ကသိုလ်က တရုတ်ပြည်ရဲ့အကောင်းဆုံးတက္ကသိုလ်တွေပါ။}

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now