အခန်း၁၉၆

496 94 0
                                    

လေဆိပ်ကိုရောက်တာနဲ့ ကျီဖန်ယင်းက စုန့်ရှီးယွီနှင့်ချိန်းထားသည့် စားသောက်ဆိုင်ဆီကို တက္ကစီဖြင့် တန်းတန်းမတ်မတ် သွားခဲ့သည်။

တက္ကစီဖြင့် ခရီးသွား​နေစဉ် ဟူပြန့်တက္ကသိုလ်၏ပေ့ချ်တွင် ပို့စ်အသစ်တစ်ခုတင်ထားကြောင်း အသိပေးချက်ကို ရရှိခဲ့သည်။ ပြင်သစ် ကျောင်းသားလဲလှယ်​ရေးအုပ်စုသည် ယနေ့မွန်းလွဲပိုင်း လေဆိပ်သို့ရောက်ရှိမည့်အကြောင်းနှင့် ဆရာ၊ဆရာမများနှင့် ကျောင်းသားအများအပြားက သူတို့ကို ကြိုဆိုရန် ထွက်ခွာလာခဲ့ကြကြောင်းကို ရေးသားဖော်ပြထားခဲ့သည်။

ဒီတော့ ကျီရှင်းရှင်းတို့က ညနေဘက်မှ ရောက်ကြမယ်ပေါ့။ ဒါဆို စုန့်ရှီးယွီက ဘာလို့ သူ့ကို သွားမကြိုတာလဲ။

ဪ၊ ဟူ​ပြန့်တက္ကသိုလ်က သူတို့ကိုကြိုဖို့ လူတွေလွှတ်ပေးထားဖို့ဖြစ်တယ်။ ကျီရှင်းရှင်းက အဖွဲ့ကို ထားပြီး တစ်ယောက်တည်းခွဲထွက်သွားလို့မှ မရတာ။

နောက်ဆုံး တက္ကစီက စားသောက်ဆိုင်ကို ရောက်သောအခါ ကျီဖန်ယင်းက ဖုန်းပိတ်ပြီး ခရီးဆောင်အိတ်ကို တက္ကစီထဲမှ သယ်ထုတ်လာခဲ့သည်။ထို့နောက် စားသောက်ဆိုင်ဆီသို့ လျှောက်သွားကာ စားပွဲထိုးထံ စားပွဲနံပါတ်ကိုပြောလိုက်သည်။

စုန့်ရှီးယွီနဲ့ သီးသန့်စကားပြောစရာရှိတာကြောင့် သူမ ဆယ်မိနစ်စောပြီး ရောက်လာခဲ့တာဖြစ်သည်။

သူမ ထင်ထားတဲ့အတိုင်း စုန့်ရှီးယွီလည်း ရောက်နေခဲ့ပြီဖြစ်သည်။ သူ့ရှေ့တွင် မီနူးတစ်ခုကို ချထားသော်လည်း မီနူးကို ကြည့်မည့်အစား သူ့လက်ကောက်ဝတ်ရှိ လက်ကောက်ကို စိတ်လှုပ်ရှားစွာ ဆော့ကစားနေသည်။

ကျီဖန်ယင်း၏ ခရီးဆောင်အိတ်မှ ထွက်ပေါ်လာသော ဘီးလှိမ့်သံကို ကြားလိုက်ရချိန်တွင် စုန့်ရှီးယွီသည် ခေါင်းကိုမော့ကာ ပြုံးပြီး "ရောက်ပြီလား"

ထို့​နောက်မှသာ သူမလက်ထဲမှ ခရီး​ဆောင်အိတ်ကို သတိထားမိလိုက်သည်။

"မနေ့ညက အပြင်မှာအိပ်တာလား" စုန့်ရှီးယွီက မေးသည်။

"အခုမှ ပြန်လာတာ" ကျီဖန်ယင်းက တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now