အခန်း၁၇၂

838 149 2
                                    

ကျီဖန်ယင်းသည် ဖုန်းကိုချကာ သွားတိုက်တော့မည်အချိန်တွင် ပရိုဂရမ်မာထံမှ မက်ဆေ့ချ်တစ်ခုရောက်ရှိခဲ့သည်။ သူမ တစ်ချက်ဖွင့်ကြည့်လိုက်သည်။

ပရိုဂရမ်မာက [ပြီးသွားပြီ။ ခင်ဗျား ပြင်ချင်တဲ့ နေရာရှိလား တစ်ချက်စစ်ကြည့်လိုက်ပါဦး။]

ကျီဖန်ယင်းသည် အက်ပ်ထဲသို့ ဝင်ရောက်ကာ လုပ်ဆောင်ချက်များကို စမ်းသပ်​ကြည့်ခဲ့သည်။ ထိုထဲတွင် မည်သည့်ပြဿနာမျှမတွေ့သောကြောင့် အခကြေးငွေကို ချက်ချင်း ပေးချေလိုက်သည်။

အခြားတစ်ဖက်က [ခင်ဗျားရဲ့ငွေရောက်ပါတယ်။] ရိုးရှင်းစွာ တုံ့ပြန်ပြီးနောက် တိတ်ဆိတ်သွားတော့သည်။

သူမဖုန်းထဲက အချိန်ကို စစ်ကြည့်လိုက်တော့ ည၂ နာရီထိုးခါနီးပြီဖြစ်သည်။ ပရိုဂရမ်မာတွေရဲ့ ဘဝက မလွယ်ကူပုံပင်။

သူမသည် အမြန်ရေဆေးပြီး ကြိုတင်မှာယူ​သောအက်ပ်ကို အပ်ဒိတ်လုပ်ကာ အိပ်ရာပေါ်လှဲလိုက်သည်။ အိပ်ရာမဝင်ခင်မှာ သူမအတွက် တစ်ရက်လောက် အားလပ်ရက်ပေးဖို့ ဒီနေ့အတွက် အစီအစဉ်များကို ပိတ်ထားရန် ဆုံးဖြတ်လိုက်သည်။

...

ကြိုတင်မှာကြားသည့်အက်ပ်ကို အပ်ဒိတ်ထားသည်မှာတစ်ရက်သာရှိသေးသော်လည်း အခြေအနေသည် ကျီဖန်ယင်းထင်ထားသည်ထပ် ပိုမိုရှုပ်ထွေးနေခဲ့သည်။

ဥပမာ- အမြင့်ဆုံးဈေးဖြင့် အမြဲကြိုတင်စာရင်းသွင်းနေသောလူတစ်ချို့(ဘိုင်ကျိုး)လည်းရှိသည်။

သို့သော် သူ့ကိုယ်သူ ထိန်းချုပ်ဖို့ရန် အနည်းငယ်တော့ သင်ယူခဲ့သည်။ ဒီတစ်ကြိမ်တွက် တစ်နေကုန် စာရင်းမသွင်းဘဲ သူမ၏နေ့လည်စာနှင့် ညနေစာစားချိန်ဖြစ်သော မနက်၁၁နာရီမှ နေ့လည်၂နာရီ နှင့် ညနေ၆နာရီမှ ည ၉ နာရီအထိ စုစုပေါင်းခြောက်နာရီ ချိန်းထားခဲ့တာဖြစ်သည်။

အလယ်တွင် လေးနာရီလွတ်နေသည်။

ကျီဖန်ယင်း: "..."

ဒီကောင်စုတ်က အပေါက်တွေဘာတွေကို ဘယ်လိုသုံးရမလဲဆိုတာ သိနေတဲ့ပုံပဲ။ အလယ်က လွတ်​နေ​သော လေးနာရီကို သူမဘယ်လိုအသုံးချရမလဲဆိုတာကို စဉ်းစားရဦးမည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now