အခန်း၃၃

2.1K 251 1
                                    

ကျီဖန်ယင်းသည် ဘိုင်ကျိုးနှင့် စုန့်ရှီးယွီ​တို့နှင့် ဆက်ဆံရာတွင် မတူညီသော နည်းလမ်းများကို သုံးခဲ့သည်။

ဘိုင်ကျိုးသည် ကျီရှင်းရှင်း၏ရှေ့တွင် မည်မျှပင်နာခံပါစေ သူသည် အမြဲရန်ဖြစ်တတ်သည့် ကလေးတစ်ယောက် ဖြစ်သည်။ ကျီဖန်ယင်းက ဘာပဲ ကြံစည်နေပါစေ၊ ဘိုင်ကျိုးအပေါ် သူမရဲ့ သဘောထားက၊ အနည်းဆုံး အပေါ်ယံမှာတော့ သူမောင်လေးလိုသာဆက်ဆံပါသည်။

ဒါက ကျီဖန်ယင်းအတွက် ပိုအဆင်ပြေစေပါသည်။ အစ်မဖြစ်သူက မောင်ဆိုးလေးကို ပုံမှန်ဆုံးမတတ်သည် ဖြစ်တာကြောင့် သူစည်းမဲ့ကမ်းမဲ့ပုံစံ ပြုမူတဲ့အခါတိုင်း သူ့ကို ဆူရပါမည်။ ဘိုင်ကျိုးကလည်း ဒီလိုဆက်ဆံတာကို ကျင့်သားရ​နေတယ်။ အမှန်တော့၊ သူသည် ဤအရာက သူ့ကို စိုးရိမ်ပူပန်နေခြင်းကို ဖော်ပြနေသည် ဟုပင် ထင်​နေသည်။

ဘိုင်ကျိုးသည် ညစာစား​နေချိန် တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။ ကျီဖန်ယင်းသည်တော့ လျှောက်သွား​နေစဉ်တွင် အဆင်မပြေမှုများမှ ရှောင်ရှားရန် စကားစမြည်ပြောရန် လိုအပ်သည်။ သူသည် ဒီဝန်ဆောင်မှုကို ကျင့်သားမရသေးပေ။

ကျီဖန်ယင်းသည် သူ၏ပန်းကန်ထဲတွင် အထူးသဖြင့်ဘိုင်ကျိုးနှစ်သက်သည့် ဟင်းများကို ထည့်ပေးသည်။ သူသည် ဘာမှပြန်မပြောပေမယ့် သူ့ပန်းကန်ထဲ ထည့်​ပေးလိုက်တဲ့ ဟင်းများကို နာခံစွာစားနေဆဲပါပဲ။

နောက်ဆုံးတွင် သူသည် တူများကို ချလိုက်ပြီး "စုန့်ရှီးယွီနဲ့ အတူတူရှိနေတဲ့အချိန်လဲ ဒီလိုပဲ ဆက်ဆံတာလား" ဟု ရုတ်တရက် မေးလိုက်သည်။

ဘိုင်ကျိုးသည် ရိုင်းစိုင်းစွာပြောလိုက်သော်လည်း သး၏ သူပုံမှန်ပြုမူပုံနှင့် နှိုင်းယှဉ်လျှင် ဖော်ရွေသည်ဟု ယူဆလို့ရပါသည်။

"ရှီးယွီ?" ကျီဖန်ယင်းသည် ဘိုင်ကျိုးအတွက် လက်ဖက်ရည်တစ်ခွက်ကို လောင်းထည့်​ပေးပြီး သူ့နံဘေးသို့ တွန်းပို့လိုက်ကာ ကျီဖန်ယင်းသည် သူမ၏ မေးစေ့ကို လက်ဖြင့် ​ထောက်လိုက်သည်။  "အင်း... မင်းတို့နှစ်ယောက်က မတူဘူး"

"...ဘယ်လိုမတူတာလဲ" ဘိုင်ကျိုးက သူ့ရှေ့မှာရှိနေတဲ့ လက်ဖက်ရည်ခွက်ကို စိုက်ကြည့်နေတယ်။ သူသောက်လေ့ရှိတဲ့အတိုင်း လက်ဖက်ခြောက်ရွက် သုံးလေးရွက်မျှသာ လွင့်မျောနေပြီး ရေသည်တော့ ကြည်လင်နေသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now