အခန်း၁၀၂

1.7K 238 5
                                    

"မင်းက ကျောင်းသားပဲရှိသေးတာ" ကျီဖန်ယင်း ရယ်မောကာ "မင်းသွားရမဲ့လမ်းက အဝေးလိုသေးတော့၊ အနာဂတ်ကလည်း သေချာပေါက် ပြောင်းလဲနေဦးမှာ။ အဝေးကြီးလိုသေးတဲ့ အနာဂတ်ကအရာတွေကို မမတို့ အခု ဆုံးဖြတ်ရတော့မှာလား။"

ဘိုင်ကျိုးက ငါ့ကို ကျီရှင်းရှင်းနဲ့မပြောခင် ဇာတ်ညွှန်းကို အစမ်းလေ့ကျင့်ဖို့ အစားထိုးလို့ မြင်တာမဟုတ်ဘူးလား။ သူက ငါ့ဖောက်သည်တွေထဲက ​​ခေါင်းအမာဆုံးလူပဲကို။

"ကျွန်တော် အခု အဖြေလိုချင်တာ။" ဘိုင်ကျိုးသည် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး "မမ ဘယ်လိုစဉ်းစားလဲဆိုတာ ကျွန်တော်အမှန်အတိုင်းကြားချင်တယ်။"

သေချာပေါက် ကျီဖန်ယင်းဆီကနေ အမှန်တိုင်းမကြားနိုင်ပေမဲ့ ကျီရှင်းရှင်းဆိုရင်တော့...

ကျီဖန်ယင်းသည် မျက်လွှာချကာ လေးနက်စွာ တွေးနေသည်။ ခဏကြာတော့ သူမသည် ခေါင်းကိုမော့​ပြီး ပြုံးကာ "သိပြီ။ မမတို့ကြား မသေချာမရေရာတဲ့အရာတွေ အများကြီးရှိသေးတော့ ကတိတစ်ခုထားကြရအောင်။ မင်းရဲ့ ၂၁နှစ်ပြည့် မွေးနေ့အထိ ဒီလိုခံစားနေရသေးရင် ဒီမေးခွန်းကို မမဖြေပေးမယ်၊ ဟုတ်ပြီလား။"

ဘိုင်ကျိုးက မကျေနပ်စွာ နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ဖိထားသည်။

ကျီဖန်ယင်းက "အဲဒီအချိန်အတွင်း ကျိုးကျိုးက တာဝန်ယူတတ်ပြီး အားကိုးရတဲ့ ​ယောကျ်ားတစ်ယောက်ဖြစ်လာတာကို မမမြင်ချင်တယ်။ မင်း မမကိုစိတ်ပျက်အောင်တော့ မလုပ်ဘူးမလား။"

သူမသည် ဘိုင်ကျိုး စိတ်ကောက်နေမည်ကို လုံးဝစိတ်မပူဘဲ ဘိုင်ကျိုးကို အပြုံးတစ်ခုဖြင့် ချော့လိုက်သည်။ နူးညံ့သိမ်မွေ့သော 'ကျီရှင်းရှင်း' နှင့် ရင်ဆိုင်ရတဲ့အချိန် သူ မည်သို့မှ စိတ်ဆိုးနိုင်မည်မဟုတ်ချေ။

သူမထင်ထားသည့်အတိုင်း ဘိုင်ကျိုးသည် ခေါင်းကိုလှည့်သွားပြီး နေရောင်အောက်တွင် သမ်းဝေလိုက်သည်။ "ကျွန်တော်ပင်ပန်းနေပြီ။"

ကျီဖန်ယင်း အိပ်ဖို့ ဗီလာကို ပြန်သွားရအောင်ဟု အကြံမပေးရသေးခင်မှာဘဲ ဘိုင်ကျိုးက သူမပေါင်ပေါ် ခေါင်းတင်ကာ အိပ်လိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူDove le storie prendono vita. Scoprilo ora