အခန်း၁၇၄

814 151 1
                                    

"နင့်အိမ်က ဒီနေရာနဲ့ ဝေးတယ်မဟုတ်ဘူးလား" ကျန်းနင်က အရှိန်မြှင့်လိုက်ရင်း စပ်စုသည်။ "အိမ်ပြောင်းထားတာလား။"

"ပြောင်းမလို့ပဲ၊ အိမ်တွေကို အရင်လိုက်ကြည့်မလို့ စီတော့စီစဉ်ထားတယ်။" ကျီဖန်ယင်းက သူမရဲ့ ထိုင်ခုံခါးပတ်ကို ပတ်ရင်း ပြန်ပြောခဲ့သည်။ "မနေ့ညက ငါ့မိဘတွေ ငါ့အိမ်ကို ရောက်လာပြီး လက်ထပ်ခိုင်းဖို့ ပြန်ဆွဲခေါ်နေကြတယ်။"

"အခုခေတ် ဒီလိုလုပ်တဲ့သူတွေရှိသေးတာလား။ ဒါပေမဲ့ နင်ကတော့ သူများစီစဉ်​ပေးတဲ့ အိမ်ထောင်ရေးကို ငြိမ်ခံမဲ့ပုံမပေါ်ဘူး။" ကျန်းနင်က ပြောသည် "အမှန်တိုင်းပြောရရင် ငါနင်နဲ့မတွေ့ခင်က နင်တို့အိမ်မှာ သမီးတစ်ယောက်ဘဲ ရှိတယ်လို့ထင်နေခဲ့တာ။"

ကျီဖန်ယင်းက တိုးတိုးလေး ရယ်လိုက်သည် ။ သူမ လက်ကို ကားပြတင်းပေါက်တွင်တင်ကာ နဖူးကို ထောက်ထားရင်း "ဘယ်ဟုတ်မလဲ။ သူများ ငါ့အိမ်ထောင်ရေးကို စီစဉ်ပေးဖို့မပြောနဲ့၊ ငါ့ဘာသာတောင်လက်ထပ်ဖို့ စိတ်ကူးမရှိသေးဘူး။"

"ဟုတ်တယ်။ နင်သာဆို ဘယ်ယောကျ်ားမဆို ခေါင်းခေါက်ရွေးလို့ရတယ်။" ကျန်းနင်က စနောက်လိုက်သည်၊ "နင်ဖောက်ပြန်တယ်လို့သတင်းထွက်ရင်တောင် နင့်ဆီကိုယ့်ကိုကိုယ်ပေးအပ်ချင်တဲ့ အဆင်လေးတွေအများကြီး တန်းစီနေဦးသေးတယ်။"

ကျီဖန်ယင်းသည် ကျန်းနင်က သူမထံ ချဉ်းကပ်ရန် ကြိုးစားခဲ့သော သရုပ်ဆောင်အသစ်လေးကိစ္စကို ပြောနေကြောင်းကိုသိတာကြောင့် ကူကယ်ရာမဲ့သောအပြုံးဖြင့်သာ တုံ့ပြန်ခဲ့သည်။ ထို့​နောက် ခေါင်းစဉ်ပြောင်းပြီး "ငါရိုက်ကွင်းကို မရောက်တာ​တောင်ကြာပြီ။ အကုန်အဆင်ပြေရဲ့လား?"

"လုံးဝ ပြီးပြည့်စုံသွားတယ်။" ကျန်းနင်က လက်မထောင်ပြလိုက်သည်။ "ဒီတစ်ကားတည်းနဲ့ ငါတို့အတွက်လိုတဲ့ရံပုံငွေတွေ ရနိုင်လောက်တယ်။"

"ငါတို့ ဒီနှစ် ဇာတ်ကားခြောက်ကားလောက်ကို ရင်းနှီးမြှုပ်နှံဖို့လုပ်ထားတယ်လေ။ ပန်းတိုင်ကိုရောက်ဖို့ အများကြီးသွားရဦးမှာ။" ဟု ကျီဖန်ယင်းက သတိပေးသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now