အခန်း၄၄

1.9K 276 2
                                    

နောက်တစ်နေ့မနက်မှာတော့ စုန့်ရှီးယွီဟာ သူ့မိဘအိမ်ကနေ ကုမ္ပဏီကို အလုပ်သွားခဲ့ပါတယ်။ နေ့လယ်စာစားချိန်နီးလာသည်တာကြောင့် ကျီဖန်ယင်းနှင့် ချိန်းထားသည့် စားသောက်ဆိုင်သို့မသွားမီ သူကိုင်တွယ်​နေသမျှကို အမြန်​ပြီး​အောင်ရှင်းလိုက်သည်။

ဆယ့်ငါးမိနစ် ကြိုရောက်သွားသည်။

သူအီးမေးလ်ကိုကြည့်နေတုန်းက သူ့အမေဆီ ဖုန်းဆက်လာသည်။

သူ့မိဘအိမ်မှာ တစ်ခုခုကျန်ခဲ့တယ်ထင်တာကြောင့် ဖုန်းကိုင်လိုက်ပေမယ့် သူဘာမှမပြောရ​သေးခင် သူ့အမေက လိုရင်းကို တခါတည်းပြောလိုက်သည် "ရှီးယွီ၊ နေ့လည်စာစားချိန်တောင်ရောက်တော့မယ်၊ စားသောက်ဆိုင်ရောက်​နေပြီလား"

"ဟုတ်ကဲ့၊ ကျွန်တော် ရောက်နေပြီ"လို့ စုန့်ရှီးယွီက သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်တယ်။

နောက်ထပ် ဆယ်မိနစ်ပဲ လိုတော့တယ်။

"ဟုတ်ပြီ၊ ကောင်းတယ်။" မစ္စစုန့်က ဝမ်းသာအားရ ပြန်ဖြေသည်။  "အမေ မစ္စချန်ကို အဲဒီကိုလွှတ်လိုက်တယ်။ သူက အရမ်းကောင်းတဲ့မိန်းကလေးပဲ။ မင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ နေ့လည်စာစားတဲ့အချိန် သူ့ပါခေါ်သွားလိုက်။ သူ့ကို နေရခက်အောင်လုပ်မနေနဲ့နော်၊ သိပြီလား"

"… အမေ၊ ကျွန်တော် အခုလုပ်ဖော်ကိုင်ဖက်တွေနဲ့ ထမင်းတောင်စားနေပြီ" ဟု စုန့်ရှီးယွီက ကန့်ကွက်ခဲ့သည်။

"သူတို့အားလုံးက မင်းရဲ့လက်အောက်ငယ်သားတွေ မဟုတ်ဘူးလား"  မစ္စစုန့်က ဒီကိစ္စကို စိတ်ထဲမထားပေ "တွေ့ဆုံပွဲမှာ သူငယ်ချင်းတစ်ယောက်ကို ခေါ်လာတာ ဘာမှမဖြစ်ပါဘူး။ သူခဏနေ ရောက်လာတော့မှာ။ ကောင်မလေးကို ကောင်းကောင်း ဆက်ဆံနော်၊ ပြောတာကြားလား"

စုန့်ရှီးယွီ ငြင်းဆိုရန် အခွင့်အရေးပင်မပေးဘဲ ချက်ခြင်း ဖုန်းချလိုက်သည်။ စုန့်ရှီးယွီက သူမကို ဖုန်းပြန်ခေါ်ဖို့ ကြိုးစားပေမယ့် ဖုန်းမအားပါတဲ့။

ဒီလိုလုပ်နေရင် အဲ့ဒီမစ္စချန်က ကျီဖန်ယင်းနဲ့ သွားတိုးလိမ့်မယ်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူTempat cerita menjadi hidup. Temukan sekarang