အခန်း၂၀

2.4K 311 0
                                    

နောက်တစ်နေ့တွင် ကျီဖန်ယင်းသည် တွေ့ဆုံပွဲသို့ ခါတိုင်းကဲ့သို့ အချိန်ကိုက်ထွက်လာခဲ့သည်။

သူမသည် ရိုးရှင်းသော အနက်ရောင် ရိုဗာဝတ်စုံကို ၀တ်ဆင်ထားပြီး ပခုံးနှင့် ကော်လာအရိုးများက ပေါ်လွင်နေသည်။

တွေ့ဆုံပွဲသည် al fresco အနောက်တိုင်း စားသောက်ဆိုင်တစ်ခုတွင် ဖြစ်သည်။ ပွဲစီစဉ်သူက နေရာတစ်ခုလုံးကို ကြိုတင်စာရင်းပေးထားသည်။ စားပွဲထိုးက သူမကို သတိပြုမိသည်နှင့် တပြိုင်နက် သူမဆီသို့ အလျင်အမြန် လျှောက်လာပြီး ယဉ်ကျေးစွာ မေးမြန်းကာ တွေ့ဆုံပွဲဆီသို့ခေါ်လာခဲ့သည်။
[T/N: Al frescoဆိုတာက အပြင်ခြံကြီးထဲမှာ စားပွဲတွေချထားပြီး ပွဲလိုလို နေရာကြီးမျိုးကိုပြောတာပါတဲ့]

သူတို့ဘွတ်ကင်ချိတ်ထားသော ခြံထဲဝင်လိုက်ချိန်တွင် ကျီဖန်ယင်းဟာ သပ်ရပ်လှပတဲ့အဝတ်အစားများ ဝတ်ထားသော အမျိုးသမီးငယ်တချို့ အချင်းချင်း စကားစမြည်ပြောနေ​ကြသည်ကို တွေ့လိုက်ရတယ်။ တစ်ချို့က ထိုင်နေ​ကြပြီး တစ်ချို့ဟာ မတ်တပ်ရပ်နေ​ကြပေမယ့် အားလုံးကတော့ သူတို့သူငယ်ချင်းများဖြင့် စကားပြောနေကြသည်။

ဝင်​ပေါက်နားတွင်ရပ်နေသော အမျိုးသမီးအနည်းငယ်သည် ကျီဖန်ယင်းကို လျင်မြန်စွာ သတိထားမိသွားသည်။

"ကျီရှင်းရှင်း?!" သူတို့ထဲက တစ်ယောက်က ​အံ့သြတကြီးဖြငိ့ "နင်ပြင်သစ်မှာ မဟုတ်ဘူးလား"

ကျီဖန်ယင်းသည် ထိုလူကို တစ်ချက်ကြည့်ကာ "ကျွန်မက ကျီဖန်ယင်းပါ" ဟု ပြန်ပြောသည်။

ဒီရိုးရှင်းသော ကိုယ့်ကိုကိုယ် မိတ်ဆက်ခြင်းသည် ဥယျာဉ်အတွင်းရှိ လူတိုင်းကိုအာရုံစိုက်သွားစေသည် "ကျီဖန်ယင်းက ဘယ်လိုလုပ် ဒီလိုပုံစံဖြစ်နေတာလဲ။"

"ဒါဆို ကျီရှင်းရှင်းရဲ့အမြွှာက ဘယ်လိုပုံစံဖြစ်သင့်တာလဲ။" ကျီဖန်ယင်းက မေးလိုကိတယ်။

"..."

"..."

လူအုပ်ကြီးသည် နားလည်သွားကာ မျက်လုံးပြူးသွားကြသည်။

ကျီဖန်ယင်းသည် သူတို့ကို ဖြတ်ပြီး တစ်နေရာရာတွင်ဝင်ထိုင်တော့မည့်အချိန်တွင် သူမနောက်မှ စားပွဲထိုးတစ်ယောက်အသံကိုကြားလိုက်ရသည် "ဒီလမ်းပါဗျ" ဟု ပြောသည်ကို ကြားလိုက်ရသည်။ သူမထပ် ဘယ်သူက အချိန်ပိုတိကျပြီး ရောက်လာသလဲသိချင်သဖြင့် နောက်ပြန်လှည့်ကြည့်လိုက်ရာ...

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now