အခန်း၄၉

1.8K 282 4
                                    

ကျီဖန်ယင်းသည် သူမဖုန်းကို ထုတ်လိုက်ပြီး ဘိုင်ကျိုးထံ သူမအကြွေးကိုဆပ်ရန် မက်​ဆေ့ချ်တစ်စောင်ရိုက်ပြီး ယဉ်ကျေးစွာသတိပေးလိုက်သည်။ ထိုအချိန်တွင် သူမ၏နောက်ကွယ်မှ တုန်လှုပ်​နေသော နှုတ်ဆက်စကားကို ရုတ်တရက်ကြားလိုက်ရလေသည်။

"ဟိုဟာ...မင်္ဂလာပါ"

သူမသည် တစ်စုံတစ်ယောက်၏လမ်းကြောင်းကို ပိတ်မိနေသလားဟု တွေးပြီး ကျီဖန်ယင်း လှည့်ကြည့်လိုက်ရာ သူမထံ ချဉ်းကပ်လာသူသည် အနည်းငယ် ရင်းနှီးပုံရ​နေသည်။

သူမသည် သူမ၏မှတ်ဉာဏ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ မနေ့တနေ့က ဘိုင်ကျိူးကိုစောင့်နေတုန်း ဘတ်စ်ကားမှတ်တိုင်မှာ သူမတွေ့ခဲ့သော လူငယ်များထဲမှ တစ်ယောက်ဆိုတာကို ပြန်သတိရလိုက်သည်။

အခြားတစ်ဖက်မှလူသည် တက္ကသိုလ်ကျောင်းသားသည် ပုံစံပေါက်ပြီး ညာဖက်ပခုံးတွင် လက်ပ်တော့ထည့်ထား​သောအိတ်ကို တွဲလောင်းချ လွယ်ထားသည်။ သူသည် အံ့အားသင့်နေပုံရပြီး သူ့လက်တော့ပ်အိတ်ရဲ့ ကြိုးများကို ထိတ်လန့်စွာ ဆုပ်ကိုင်လိုက်ပြီး "အစ်မ ကျွန်တော့်ကို မှတ်မိလား"

ကျီဖန်ယင်းက တခစ်ခစ်ရယ်လိုက်သည်။ ဘိုင်ကျိုးကိုပို့မဲ့ မက်ဆေ့ချ်ကို အလျင်အမြန် ပြီးအောင် ရေးပြီး "အဲဒီအဆင့်ကို ခုထိမရှင်းနိုင်သေးဘူး" လို့ ပြန်ဖြေလိုက်သည်။

လူငယ်လေး၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။  "ကျွန်​တော်စမ်း​ဆော့ကြည့်​ပေးမယ်"

ဒီစကားကိုပြောပြီးတာနဲ့ သူ့ဖုန်းကို အမြန်ထုတ်ကာ လော့ခ်ဖွင့်ပြီး ကျီဖန်ယင်းကို ပေးလိုက်တယ်။  "ဒီမှာ ကျွန်​တော့်ဖုန်းကို အရင်ယူထား... လက်တော့ပ်ရောပဲ။ ဒီလိုဆို အစ်မဖုန်းကိုအလစ်သုတ်သွားမှာကို စိတ်ပူစရာမလိုတော့ဘူး။"

ထိုမှစ၍ သူတို့နှစ်ဦးသည် ကားပါကင်ထဲတွင် ထိုအဆင့်ကိုမည်သို့ရှင်းရမလဲကို စိတ်အားထက်သန်စွာ ရှာဖွေကြ​တော့သည်။

လူငယ်သည် သူ၏ပထမဆုံးကြိုးစားမှုတွင် မအောင်မြင်သွားတာကြောင့် ကမန်းကတန်းရှင်းပြသည် "ကျွန်-ကျွန်တော့်ကို အချိန်နည်းနည်းလောက်ထပ်ပေးပါဦး။ ကျွန်တော် အခု နည်းနည်းသိသွားပြီ။ နောက်တစ်ခေါက်က ရှင်းနိုင်တော့မှာ။ ကျွန်တော် အစ်မကို တကယ်လိမ်နေတာမဟုတ်ပါဘူး။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now