အခန်း၁၇၀

875 154 2
                                    

ကျီဖန်ယင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး "ကျွန်မ ရှင်နဲ့ ဒီအိမ်ထောင်ရေးဂိမ်းကို ဆော့ဖို့စိတ်မဝင်စားဘူး"ဟု ပြောလိုက်သည်။

"ယင်းယင်း မင်းရင့်ကျက်သင့်နေပြီ။ ညီမလေးဆီက သင်ယူလို့ မရဘူးလား။" အမေကျီသည် ရှေ့သို့ တိုးလာကာ လူကောင်းတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သည်။ စိုးရိမ်စွာဖြင့် မျက်မှောင်ကြုတ်ပြီး "မင်းအဖေက သမီးကိုအရင်လတွေကတည်းက ရှာချင်ပေမယ့် သမီးရဲ့ညီမလေးက သမီးကိုယ်စားတောင်းပန်ပေးခဲ့တာ။ အဲဒါကြောင့် အမေတို့ သမီးကိစ္စတွေမှာ ဝင်မပါတာကွဲ့။"

"ပြောရမဲ့စကားကမှားနေသလိုပဲနော်၊ တကယ်ဆို 'အ​မေတို့ရွေးထားတဲ့ ယောက်ျားနဲ့လက်ထပ်ဖို့ အိမ်ပြန်ဖို့လာခေါ်တာ'ဖြစ်သင့်တာလေ။" ကျီဖန်ယင်းက ပြောလိုက်သည်။

"သမီးကအမြဲဒီလိုပဲ။" အ​မေကျီက ဝမ်းနည်းစွာ သက်ပြင်းချလိုက်တယ်။ "ရှင်းရှင်း ဖျားကတည်းက သမီးက ပြောင်းလဲသွားခဲ့တာ။ ရှင်းရှင်း ဆေးရုံမှာ ကိုမာဝင်နေတုန်းကလည်း သူ့ဘေးမှာ မနေချင်ဘူး။ သူဆေးရုံကဆင်းတုန်းက ဘယ်လောက်တောင် အားနည်းနေလိုက်သလဲ။ အဲဒီတုန်းက သမီးနာမည်ဝင်မယူခဲ့သင့်ဘူး။ သမီးမနာလိုဖြစ်နေလောက်မယ်ဆိုတာ အမေသိပါတယ် ..."

ကျီဖန်ယင်းသည် အ​​မေကျီ၏ စကားများထဲမှ အရေးကြီးသော သတင်းတစ်ခုကို ယူနိုင်ခဲ့သည်။

ကျီရှင်းရှင်း ဆေးရုံတက်တုန်းက ကိုမာဝင်နေခဲ့တယ်မလား။ ဒါဆို သူဘယ်လိုလုပ် လီ​ရှောက်ရှင်းဆီကို သွားလည်ပြီး ယုံကြည်မှုကို ရနိုင်ခဲ့တာလဲ။

သူမသည် နွားနို့ကိုဆက်လက်သောက်နေရင်း 'ကျီဖန်ယင်း' ၏ကလေးဘဝမှတ်ဉာဏ်များကို စတင်ကြည့်ရှုတော့သည်။ ဒါတွေက 'ကျီဖန်ယင်း' ကိုယ်တိုင်တောင် မတွေးတော့သည့် နစ်မြုပ်နေသော မှတ်ဉာဏ်များဖြစ်သည်။

ထို့နောက်တွင် အဆိုးရွားဆုံး ဆယ်ကျော်သက်ဒရမ်မာများတွင်သာ ဖြစ်ပျက်နိုင်သည့် အရာတစ်ခုကို သူမ ရှာဖွေတွေ့ရှိခဲ့သည်။

ငတုံးလီရှောက်ရှင်းသည် ကျေးဇူးရှင်ကို လူမှားခဲ့သည်။ သူတို့နှစ်ယောက်က တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့စုံတွဲပဲ။ တစ်ယောက်ကကျ သတ္တိရှိရှိ နာမည်ကောင်းဝင်ယူပြီး ​နောက်တစ်ယောက်ကတော့ တုံးတုံးအအ သူ့စကားကိုယုံတယ်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now