အခန်း၁၀၉

1.3K 183 2
                                    

ကျီဖန်ယင်း၏မက်ဆေ့ချ်ကိုမြင်သောအခါ ချန်ယွမ်ရှန်းသည် သူ၏ခေါင်းအုံးကို ခေါင်းဖြင့် သုံးကြိမ် တိုက်လိုက်သည်။ ညလုံးပေါက် စာလုပ်ဖို့ ပြင်ဆင်ထားသော သူ့အခန်းဖော်က လှည့်လာပြီး သူ့ကို ထိတ်လန့်တကြား စိုက်ကြည့်နေသည်။

"အစ်ကိုရှန်း၊ ငါတောင် စိတ်မဆိုးရသေးဘူးနော်။ အရင်လာစိတ်ဆိုးမနေနဲ့။"

ချန်ယွမ်ရှန်းသည် သူ့အခန်းဖော်ကို လျစ်လျူရှုကာ ကုတင်ပေါ်မှ ထထိုင်လိုက်သည်။ သူသည် ဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အချိန်အတော်ကြာ လေးတက်စွာ စိုက်ကြည့်နေပြီးမှ ဂရုတစိုက် စာရိုက်လေသည်။

မမ အခုထွက်လာလို့ရလား၊ ကိတ်မုန့်ဝယ်ပေး...

... ဖျက် ဖျက် သူမသဘောမတူလောက်ဘူး။

အစ်မ မွေးနေ့ကို ဂုဏ်ပြုပေးချင်လို့။ ဘယ်အချိန်အားမလဲ....

... မဟုတ်ဘူး၊ ဒါလည်း ရမှာမဟုတ်ဘူး။ သူမ အလုပ်တွေ အရမ်းရှုပ်နေခဲ့တာ။ အပြင်ထွက်ပြီး အချိန်ဖြုန်းဖို့ထက် အိမ်မှာပဲ အိပ်ချင်နေလောက်မှာ။

အလုပ်မှာ စိတ်ရှုပ်စရာတွေ ကြုံလာရရင် ကျွန်တော့်ကို သစ်ပင်အခေါင်းပေါက်လို့ သဘောထားပြီး ပြောပြလို့ရတယ်နော်။ အစ်မ ကျွန်တော့်ကို ပြောပြတဲ့ လျှို့ဝှက်ချက်တွေအားလုံးကို မေ့ပစ်ပေးမယ်။

... အလုပ်​လုပ်​နေတဲ့လူမှ ဒါတွေကို နားလည်နိုင်မှာပေါ့။

ချန်ယွမ်ရှန်းသည် ခေါင်းအုံးနှင့် ခေါင်းကို ဆက်တိုက်နေပြီး အဆက်ပြေသောမက်ဆေ့ချ်ကို တွေးရန် သူ့ဦးနှောက်ကို အပြင်းအထန် တွန်းအား​ပေးလိုက်သည်။  သူသာ ဆက်အချိန်ဆွဲနေပါက ကျီဖန်ယင်းဟာ နောက်တစ်ကြိမ် အလုပ်ရှုပ်သွားနိုင်ပြီး သူမရဲ့ နောက်မက်ဆေ့ချ်ဟာလည်း အချိန်အတော်ကြာမှ ရောက်လာပါလိမ့်မယ်။

သူကို ထိတ်လန့်နေသော အခန်းဖော်က စောင်တစ်ထည်ဖြင့်ပတ်ထားလျက် ကုတင်ဆီသို့ ခြေဖျားထောက်ကာ ရောက်လာပြီး ချန်ယွမ်ရှန်းကို ဘောပင်ဖြင့် ညင်သာစွာ ထိလိုက်သည်။ "အစ်ကိုရှန်း၊ ဘီလူးစီးခံနေရတာလား။ တစ်ခုခုပြောပါဦး။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now