အခန်း၈၃

1.5K 231 3
                                    

ချန်ယွမ်ရှန်းသည် ကျီဖန်ယင်းထံသို့ စိတ်လှုပ်ရှားစွာ မက်ဆေ့ချ်ပို့ရင်းဖြင့် ကျောင်းသူများ၏အော်ဟစ်သံများကြားမှ ဘတ်စကတ်ဘောကွင်းက ပြေးထွက်လာခဲ့သည်။ "ကျွန်ျတာ်အခုလာခေါ်ဖို့လာနေပြီ။ ဒီမှာလမ်းတွေက နည်းနည်းရှုပ်တော့ လမ်းပျောက်ဖို့ တော်တော်လွယ်တယ်။"

ကျီဖန်ယင်းက သူ့ကို ဓာတ်ပုံတစ်ပုံ အမြန်ပို့လိုက်တယ်။

ချန်ယွမ်ရှန်းသည် ဓာတ်ပုံကိုကြည့်ကာ အနီးနားရှိ ကျောင်းသားတစ်ဦးကို ဖမ်းလိုက်ပြီး "မင်္ဂလာပါ၊ ဒီနေရာကိုသိလား" ဟု မေးသည်။

ကျောင်းသားသည် သူ၏ အနက်ရောင်မျက်မှန်ကို ပင့်တင်ကာ လမ်းကြောင်းတစ်ခုသို့ ညွှန်ပြလိုက်ပြီး "ဟိုဘက်က အဆောက်အဦးရဲ့အောက်တည့်တည့်မှာ။" ဟု ပြောခဲ့သည်။

"ကျေးဇူးတင်ပါတယ်။" ချန်ယွမ်ရှန်းက သူ့ဂျာကင်ကို ဝတ်ကာ အမြန်ပြေးသွားသည်။ သူ့တွင် ငယ်ရွယ်နုပျိုမှု စွမ်းအင်များစွာ ရှိနေသကဲ့သို့ ဆန့်ကျင်ဘက်ရှိ အဆောက်အဦးကို ရောက်ဖို့ နှစ်မိနစ်သာ ကြာခဲ့သည်။

ထူးခြားတဲ့ လိုဂိုတစ်ခုအောက်မှ ကျီဖန်ယင်းကိုတွေ့ဖို့ အချိန်သိပ်မကြာလိုက်ပေ။

သူမသည် maskအုပ်ထားပြီး ဖုန်းဆီသို့ ခေါင်းငုံ့ထားသော်လည်း ချန်ယွမ်ရှန်းသည် သူရှာတွေ့သောသူသည် မှန်ကန်ကြောင်းသေချာသည်။

သူ၏ ခြေလှမ်းများသည် ချက်ချင်းပင် ရပ်တန့်သွားသည်။  သူမကို နှုတ်ဆက်ဖို့ မသွားခင် သူ့အသက်ရှုတည်ငြိမ်ဖို့ ခဏလောက် အချိန်ယူခဲ့ပေမယ့် သူ့အသံထဲက ပျော်ရွှင်နေမှုများကို​တော့ မဖုံးကွယ်ထားခဲ့ပေ။"အစ်မ"

အဲဒီမှာ ရပ်နေတဲ့ အမျိုးသမီးက ခေါင်းကို မော့ကာ maskကို ဆွဲချလိုက်ပြီး "ဟယ်လို" ဟု ပြောရင်း ပြုံးပြလိုက်သည်။

"အစ်မအလုပ်အရမ်းရှုပ်နေလို့ ပြိုင်ပွဲလာမကြည့်နိုင်တော့ဘူးလို့ထင်နေခဲ့တာ။" ချန်ယွမ်ရှန်း အနည်းငယ် စိတ်လှုပ်ရှားစွာ "ဘာယူလာတာလဲ၊ လေး​နေလား ၊ ကျွန်​တော် ကူသယ်ပေးမယ်။"

သူက ကျီဖန်ယင်းကို မေးလိုက်ရင်း တိတ်တဆိတ် သေချာကြည့်နေသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now