အခန်း၈၂

1.6K 259 3
                                    

စနေနေ့တွင်

ကျီဖန်ယင်းသည် သူမအတွက် ဘဏ်အကောင့်အသစ်တစ်ခုကို ယခင်ကတည်းက လျှောက်ထားခဲ့သည်။ သူမသည် တစ်ပတ်လုံး အလုပ်ရှုပ်နေခဲ့သောကြောင့် စနေနေ့မှသာ ဘဏက်သို့လာနိုင်ခဲ့သညလ။

သူမ၏ဘဏ်အကောင့်ဟောင်းကို အဖေကျီနှင့် အ​မေကျီတို့က လုပ်ပေးထားခဲ့ပြီး သူတို့နှစ်ဦးသည် ရုပ်ရှင်ကြည့်ပွဲကတည်းက သူမ၏ဖုန်းကို အမြဲ ဖုန်းခေါ်ဆိုနေခဲ့ကြသည်။

သူမသည် အစပိုင်းတွင် သူတို့၏ဖုန်းများကို ကိုင်ခဲ့သော်လည်း 'နေကောင်းလား၊ အဆင်ပြေရဲ့လား' ကဲ့သို့သော အဓိပ္ပါယ်မရှိ​သောမေးခွန်းများကို ဆက်တိုက်မေးလာသောအခါတွင် သူမသည် ဖုန်းကို စားပွဲပေါ်သာ တင်ထားပြီး ဂရုမစိုက်တော့ကာ သူမလုပ်လက်စကို ဆက်လုပ်​ပါတော့သည်။

ဆွေရင်းမျိုးရင်းဟူသော အရာများသည် ယခုအချိန်တွင် သူမ၏ ဦးစားပေးစာရင်းထဲတွင် ရှိပင်မနေချေ။ ချမ်းသာဖို့က ပိုအရေးကြီးပါသည်။

ထို့ကြောင့်လည်း ဘဏ်အကောင့်အသစ်အတွက် လျှောက်ခဲ့တာဖြစ်ပါသည်။

လုပ်ထုံးလုပ်နည်းတွေ ပြီးအောင်လုပ်ကာ ညနေစောင်း ဘဏ်မှထွက်လာခါနီး သူမ၏ ပိုက်ဆံများအားလုံးကို လွှဲ​ပေးခဲ့သည်။ ထို့နောက်၊ သူမသည် သူမ၏ဘဏ်အကောင့်နံပါတ်ပြောင်းလဲသည့်အကြောင်းကိုလည်း ဖောက်သည်နှစ်ဦးကို အသိပေး မက်ဆေ့ချ်ပို့ခဲ့ပါသေးသည်။

သူမရဲ့ ဘဏ်အကောင့်ဟောင်းကိုလည်း ပိတ်ဖို့ မမေ့ခဲ့ပေ။

ဘဏ်မန်နေဂျာက သူမကို မဖျက်သိမ်းဖို့ပြောခဲ့ပေမဲ့ ကျီဖန်ယင်းက ငြင်းဆိုခဲ့ပါသည်။

ဘဏ်မှထွက်ခွာလာချိန်တွင် နေသည် ဝင်သည့် အရိပ်အယောင်ပြနေပြီဖြစ်သည်။ သူမသည် အခု တက္ကသိုလ်တစ်ခုနှင့် နီးသည့်နေရာတွင် ရောက်နေသောကြောင့် လမ်းပေါ်တွင် ငယ်ရွယ်သော တက္ကသိုလ် ကျောင်းသားများစွာ ရှိ​နေခဲ့သည်။

သူမ ဒီနေ့ ညနေ၄နာရီမှာ ကျင်းပမယ့် ဘက်စကတ်ဘောဖိုင်နယ်ပွဲအကြောင်းကို ကပ်ထားတဲ့ ကြော်ငြာပိုစတာကို သူမ သတိပြုမိလိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူTahanan ng mga kuwento. Tumuklas ngayon