အခန်း၁၈၀

773 139 0
                                    

ကျီဖန်ယင်းသည် သူမ၏ အိမ်သို့ခိုး​ပြန်ရန်ဟူသော အကြံကို အကောင်အထည်မဖော်နိုင်ခဲ့ပေ။ စူးရှသောမျက်လုံးတစ်စုံက သူမ ပွဲထဲမှ ထွက်မသွားနိုင်အောင် အဆက်မပြတ် စောင့်ကြည့်နေသောကြောင့်ပင်။

ကျန်းနင်

သူမပန်းကန်ပြားကို ချလိုက်တဲ့အချိန် ကျန်းနင်က သူမရှေ့တွင် ပေါ်လာပြီး "ချစ်လေး၊ သွားနှုတ်ဆက်ရအောင်" လို့ ပြောလိုက်သည်။

"ဘယ်သူ့ကိုလဲ"

"ဘိုင်မိသားစုကအကြီးအကဲတွေ။" ကျန်းနင်က ပြန်ပြောသည်။

ကျီဖန်ယင်း မျက်​ခုံးပင့်​လိုက်သည်​။

"..." ကျန်းနင်သည် တစ်ခုခုမူမမှန်သည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ "ဘာလဲ၊ နင့်အမူအရာက"

"သူ့သားက ငါ့ညီမရဲ့လူတွေထဲကဆိုတာ မသိဘူးလား။" ကျီဖန်ယင်းက မေးသည်၊ "နင်တို့အသိုင်းအဝိုင်းထဲမှာ ဒီကိစ္စကနာမည်ကြီးမယ်လို့ ငါထင်နေတာ။"

"မရင့်ကျက်သေးတဲ့လူငယ်တွေအတွက်တော့ နာမည်ကြီးမှာပေါ့၊ ဒါပေမဲ့ ငါက သူတို့အဖွဲ့ထဲက မဟုတ်ဘူးလေ။" ကျန်းနင်က ဂုဏ်ယူစွာ သူမကိုယ်သူမ လက်မဖြင့် ညွှန်ပြပြီး "ငါက ဘိုင်ကျိုးနဲ့ မရင်းနှီးဘူး။ ဝါစဉ်အရဆို သူက ငါ့ကို 'အန်တီ ကျန်းနင်' လို့​တောင်ခေါ်ရဦးမှာ။"

ကျီဖန်ယင်းက ရှန်ပိန်ခွက်ကို ကိုင်ထားတာကြောင့် သူမက လက်ကောက်ဝတ်ကိုသာ ပုတ်၍ လက်ခုပ်တီးလိုက်တယ်။ "ဟုတ်တာပေါ့၊ ဒါမှ ငါတို့ကျန်းနင်ပဲ။"

ကျန်းနင်သည် ကျီဖန်ယင်း၏ ပိုလွန်းသောတုန့်ပြန်မှုကို ကြည့်ပြီး မျက်လုံးကိုလှိမ့်လိုက်သည်။ သူမသည် ခန်းမထဲကို အမြန်ဝေ့ဝိုက်ကြည့်လိုက်ပြီး ကျီဖန်ယင်းကို ရှေ့သို့ တွန်းကာ "ဒါနဲ့ ဘိုင်ကျိုးက ဘိုင်စုံတွဲနဲ့အတူ ခန်းမထဲကို ဝင်လာတာကို ငါတွေ့လိုက်တယ်။ သူကလေးတုန်းကတည်းက ရုပ်ချောခဲ့တာ ကြီးလာတဲ့အထိ သူ့ရုပ်ကိုထိန်းနိုင်ခဲ့သားပဲ။ သူ့အဒေါ်အနေနဲ့တောင်မှ မျက်စိအစာကျွေးချင်စိတ်ပေါက်တယ်။"

ကျီဖန်ယင်းက "သူ့ရဲ့ဆိုးရွားတဲ့ဒေါသကိုသာထိန်းနိုင်ရင် ပို​တောင်မျက်စိပဒေဿဖြစ်မှာ။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now