အခန်း၅၉

1.7K 236 1
                                    

စန်းရှန်းရန်၏ စူးစမ်းလိုစိတ်က မြင့်တက်လာသည်။

"အိပ်မက်ကိုဖန်တီးပေးတဲ့သူကလွဲပြီး အခြားအသုံးအနှုန်းများရှိသေးလား"  သူကမေးသည်။

ကျီဖန်ယင်းက တခစ်ခစ်ရယ်လိုက်သည်။

အခြားအသုံးအနှုန်းဆိုရင်တော့ အချစ်ရေးကို လိမ်ပေးတဲ့သူပေါ့။

သူမသည် စန်းရှန်းရန်၏မေးခွန်းကို လျစ်လျူရှုလိုက်ပြီး "ရုပ်ရှင်က ခဏ​နေစတော့မှာဆိုတော့ ကျွန်မ နေရာယူဖို့သွားတော့မယ်။ ရှင်ရော"

VIPနား​နေခန်းထဲကိုဝင်လာခဲ့သော အဖေကျီနဲ့ အမေကျီတို့ဟာ လောလောဆယ် သူမဘက်ကို ဦးတည်နေပါသည်။

စန်းရှန်းရန်လည်း မတ်တပ်ရပ်လိုက်ကာ  "ကျွန်တော်လည်း မင်းနဲ့လိုက်ခဲ့မယ်။ မင်းရဲ့ထိုင်ခုံနံပါတ်ကဘယ်လောက်လဲ။"

နှစ်ယောက်သား ထိုင်ခုံနံပါတ်ကို မြန်မြန်ဆန်ဆန် ယှဉ်ကြည့်​ကြသည်။  သူတို့ထဲက တစ်ယောက်က လူသိများတဲ့ ဒါရိုက်တာဖြစ်ပြီး နောက်တစ်ယောက်ကတော့ ရုပ်ရှင်သုံးသပ်ချက်ရေးသူပါ။ သူတို့ ထိုင်ခုံများက တစ်ခုနဲ့တစ်ခု ဝေးကွာနေမယ်ဆိုတာ ပြောစရာပင်မလိုပါချေ။

"ဒီရုပ်ရှင်ကြည့်ပွဲပြီးသွားရင် စကားပြောကြတာ​ပေါ့။" စန်းရှန်းရန်က သူ့ဖုန်းကို ထုတ်လိုက်သည်။ "မင်း ဒီကဖိတ်စာကိုရတယ်ဆိုတော့ ရုပ်ရှင်လောကမှာလည်း အလုပ်လုပ်တာဖြစ်မယ်။ ဖုန်းနံပါတ်လဲကြမလား။"

သူသည် သဘာဝကျကျပြောခဲ့ပြီး ပရောပရီလုပ်နေပုံကို လုံးဝမခံစားရကယ အလုပ်အတွက် အဆက်အသွယ်ဖလှယ်နေ​ကြသော လူနှစ်ယောက်နဲ့ပင် ပိုတူသည်။

ကျီဖန်ယင်းက သူ့ကို ငါးနံပါတ်သုံးဖြစ်နိုင်ချေရှိသည်ဟု ရှုမြင်တာကြောင့် သူမသည် ထိုကမ်းလှမ်းမှုကို လက်ခံပြီး ဖုန်းကို ထုတ်လိုက်ပါတယ်။  ဒါပေမယ့် ဒီလဲလှယ်မှုကို စုန့်ရှီးယွီက ရပ်တန့်လိုက်ပါသည်။

အနားရောက်လာသော စုန့်ရှီးယွီသည် စန်းရှန်းရန်ဆီသို့ ဦးစွာ ခေါင်းညိတ်ပြပြီး ကျီဖန်ယင်းဘက်သို့ လှည့်ကာ "ကျီဖန်ယင်း၊ မင်းမိဘတွေက စိတ်ပူနေတယ်" လို့ ပြောပါသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now