အခန်း၁၃၅

1.2K 191 4
                                    

လက်ရှိ

ကျီဖန်ယင်း အနားယူနေသော သုံးရက်မြောက်နေ့တွင် ကျီရှင်းရှင်းဆီက ဖုန်းကို လက်ခံရရှိခဲ့ပါတယ်။

ကျီရှင်းရှင်းက ထုံးစံအတိုင်း ရွှင်လန်းသော အသံဖြင့် "မမ၊ ခုက တကယ်ကို တိုက်တိုက်ဆိုင်ဆိုင်တစ်ခု ဖြစ်ခဲ့တယ်။ ​ညီမလေးကို ဂျူနီယာတစ်ယောက်က မမလို့ အထင်လွဲခဲ့တယ်လေ။ သူက မမနဲ့ တော်တော်လေး ရင်းနှီးတဲ့ပုံပဲ၊ ညီမလေးကိူ မမ အကြောင်းတွေတောင် အများကြီး ပြောပြခဲ့သေးတယ်။ သူက မမရဲ့ သူငယ်ချင်းအသစ်လား။"

ကျီဖန်ယင်း ပျင်းရိစွာ ဆိုဖာပေါ် လှဲချလိုက်ပြီး ရီမုကို စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် စိတ်ညစ်စွာ သက်ပြင်းချလိုက်သည်။

ဟင်း ဒီလှည့်ကွက်ချည်းပဲ ထပ်လာပြန်ပြီ။

---

"မမ?" ကျီရှင်းရှင်းက မေးသည်။ "ဘာလို့သက်ပြင်းချတာလဲ။ ညီမလေး တစ်ခုခုမှားပြောမိသွားတာလား။"

"မဟုတ်ပါဘူး၊ ညီမလေး သူ့ဆီက သိချင်တာတွေအကုန် ကြားခဲ့ပြီမဟုတ်ဘူးလား။" ကျီဖန်ယင်းသည် ကျီရှင်းရှင်းကို အေးအေးဆေးဆေး ပြန်ပြောခဲ့သည်။

"ဒါပေမယ့် သူပြောခဲ့တာတွေက မှန်တယ်ဆိုတာ သေမှမသေချာပဲ။" လို့ ကျီရှင်းရှင်းက မဝံ့မရဲ "ညီမလေး မမကို အ​မြဲတမ်း သူငယ်ချင်းတစ်ယောက်လောက် ထားခိုင်းနေခဲ့တာကို မမက ညီမစကားကို နားမထောင်ခဲ့ဘူးလေ။ အခုညီမလေး ပဲရစ်ရောက်နေတဲ့အချိန် မမ သူငယ်ချင်းအသစ်ရသွားပြီတော့ အဲ့အကြောင်းကို သေချာပေါက် သိချင်တာပေါ့။"

ကျီဖန်ယင်းက ဘာသိဘာသာ "ဒါဆိုလည်း သူ့ကို မမအကြောင်း ထပ်ပြောပြခိုင်းဖို့ သွားရှာလိုက်လေ။"

"မမကလည်း ဒီလိုစကားတွေ ထပ်ပြောနေပြန်ပြီ။" ကျီရှင်းရှင်းက မကျေနပ်စွာ နှုတ်ခမ်းစူလိုက်သည်။ "ညီမလေး ပြန်ရောက်ကတည်းက မမနဲ့ တစ်ခါမှကို မတွေ့ရသေးဘူး။ ဖေဖေ မေမေတို့ကလည်း မမ အိမ်ပြန်မလာတာကြာပြီတဲ့။ မမ ညီမလေးကို ရှောင်နေတာလား။"

"ဘာလို့​တွေ့ချင်တာလဲ​။"

"ဒီတိုင်း တွေ့ချင်တာကို၊ မရဘူးလား။" ကျီရှင်းရှင်းက ပြန်ပြောသည်။ "မမ အခုဘယ်မှာနေတာလဲ။ ညီမလေး စားစရာပါသယ်ပြီး မမဆီ ယူလာပေးမယ်လေ။ မမ တိုက်ခန်းအပြင်ထွက်စရာ​တောင် မလိုဘူး။ အဲ့လိုဆိုမရဘူးလားဟင်"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now