အခန်း၈

2.8K 308 1
                                    

ကျီဖန်ယင်း​သည် မီနူးကို လှန်ကြည့်လိုက်သည်။

ယခုအချိန်တွင် စုန့်ရှီးယွီ ဘယ်လိုပဲ တွေးနေပါစေ သူရွေးချယ်သော စားသောက်ဆိုင်သည် တော်တော်လေးအထက်တန်းဆန်နေပါသေးသည်။

...မဟုတ်လည်း အနည်းဆုံးတော့ မီနူးထဲက စျေးနှုန်းတွေက ပြောနေတာတော့ အဲ့လိုပဲ။

ကျီဖန်ယင်းသည် ယနေ့ 'ဒိတ်' တွင် ကုန်ကျမည့် ကုန်ကျစရိတ်အားလုံးကို သူရှင်းရမည့်အကြောင်းကို စောစောပိုင်းတွင် သေချာအတည်ပြုခဲ့သည်။ ဒါကြောင့် တစ်ခုတည်းသော မကောင်းတဲ့အချက်ကတော့ ကျီရှင်းရှင်းကြိုက်တဲ့ ဟင်းလျာတွေကိုပဲ မှာယူနိုင်တာပါ။

ဒါကို​တော့ အလကားစားရလို့ သည်းခံလိုက်ပါ့မယ်။

ဟမ်… မှိုစွပ်ပြုတ်၊ ပုစွန်အသားလုံးနဲ့ အမဲသားမီးကင်ကိုမှာလိုက်ကြတာပေါ့။ ဖျော်ရည်အတွက်ကတော့ ကျီရှင်းရှင်းရဲ့အကြိုက်နဲ့ဆိုရင် လိုက်ချီးချယ်ရီဆိုဒါကို သောက်​လောက်မယ်လို့ထင်တာပဲ။

ဟင်းပွဲများကို ဆုံးဖြတ်ပြီးနောက် ကျီဖန်ယင်းသည် သူမ၏ဆန့်ကျင်ဘက်တွင် ထိုင်နေသော အမျိုးသားကို ​မော့ကြည့်လိုက်ပြီး စိတ်ပူစွာဖြင့်"အဆင်ပြေရဲ့လား။ နင်​ကြည့်ရတာသိပ်နေမကောင်းသလိုပဲ။ နေလို့မကောင်းရင်လည်း ကိုယ့်ကိုကိုယ်ဖိအားပေးပြီးနေပေးစရာမလိုပါဘူး။ ပြန်ရင်ပြန်ကြမယ်လေ။"

သေချာပေါက် ဝန်ဆောင်မှုကိုကြိုအဆုံးသတ်လိုက်လို့ ပြန်အမ်းငွေရမှာတော့မဟုတ်ဘူးပေါ့။

စုန့်ရှီးယွီ၏မျက်နှာသည် မည်း​မှောင်နေခဲ့သည်။  သူမဝတ်ထားတဲ့ မျက်နှာဖုံးကို ဖယ်ရှားနေသကဲ့သို့ ကျီဖန်ယင်းကို လေးနက်စွာ စိုက်ကြည့်နေတယ်။  "မင်းဘယ်တုန်းကတည်းက စပြင်ဆင်ခဲ့တာလဲ... ထားလိုက်ပါတော့၊ ဒါက အရေးမကြီးဘူး"

"ဟုတ်တယ်၊ အရေးမကြီးဘူးပေါ့။" ကျီဖန်ယင်းက စုန့်ရှီးယွီကို ပြုံးပြရင်း လက်ထဲက မီနူးကိုချလိုက်သည်။ "ငါတို့ကြားကဝန်ဆောင်မှု စည်းကမ်းချက်တွေက ရိုးရှင်းတယ်၊ ဒါကြောင့် အရမ်းတွေးမနေနဲ့။ ဒီအချိန်အတွင်း နင်ငါ့ကို တခြားလူလို့ပဲ စဉ်းစားရမယ်။ အရင်တုန်းက ငါသူနဲ့မတူတာကို သဘောမကျခဲ့ဘူးလေ။ အခုကရောဘာဖြစ်ပြန်တာလဲ။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now