အခန်း၁၂၉

1.7K 271 8
                                    

ထို့ကြောင့် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူသည် ကျီဖန်ယင်းရဲ့ ဇာတ်ညွှန်းအတိုင်းပင် လိုက်လုပ်ခဲ့သည်။

"ဒီတိုင်း အိပ်မက်မက်တာပါ။ ပြန်အိပ်လိုက်တော့လေ။" ဟု ပြောသည်။

"ဟိုးတုန်းကလို နင်မလှုပ်ရှားနိုင်​တော့တာလည်း ပါသေးတယ်။" ကျီရှင်းရှင်းသည် သူ့စကားများကို လျစ်လျူရှုကာ ဝမ်းနည်းစွာ ဆက်၍ငိုကြွေးနေလေသည်။ "ငါကြောက်တယ်။ နင့်အခြေအနေက အရင်ကလို ပြန်ဆိုးလာမှာကို ငါကြောက်တယ်။ ဒီအချိန်ကြီး နင့်ဆီ ဖုန်းမခေါ်သင့်ဘူးဆိုတာ ငါသိပါတယ်၊ သိပေမယ့် ငါနင့်ကို အရမ်းစိတ်ပူနေလို့။ နင်အဆင်ပြေနေရဲ့လား လာစစ်ဆေးကြည့်တာပါ။ နင့်အာမခံမချင်း ငါစိတ်အေးမှာမဟုတ်ဘူး..."

ကျီဖန်ယင်းသည်လည်း တပြိုင်နက် အမြန်ပြန်ဖြေလာသည် [နင်ဘာမှမဖြစ်ဘူးလို့ ပြောပြီး ပြန်အိပ်ဖို့ထပ်ပြောချေ]

လီရှောက်ရှင်းသည် သူမ၏ စာကို ဖတ်ပြီး သူမပြောသည့်အတိုင်း လုပ်ခဲ့သည်။

[သူက အတိတ်အကြောင်းတွေ ဆက်ပြောလာလိမ့်မယ်၊ ကိုယ်ကိုကိုယ်ထိန်းချုပ်ထား။ သူ့ကို မနှစ်သိမ့်နဲ့၊ သူပြောတဲ့အတိတ်ကိုလည်း ပြန်မတွေးနဲ့၊ ဘာကတိမှလည်းမပေးနဲ့။]

[သူလိုချင်တာကို ပေးလိုက်ရင် သူရှင့်​ကို ဦးစားပေးမှာမဟုတ်​ဘူး။]

လီရှောက်ရှင်းသည် ကျီဖန်ယင်း၏ မက်ဆေ့ချ် နှစ်ခု ထွက်ပေါ်လာသည်ကို မမြင်ခင်ကအထိ ကျီရှင်းရှင်းနှင့် အတိတ်အကြောင်းများကို ပြန်လည်သတိရနေခဲ့တာဖြစ်ပါသည်။

ကျီဖန်ယင်းက ကျီရှင်းရှင်းရဲ့စိတ်ကို ဖတ်နေသလိုပါပဲ။

ဒီအရည်အချင်းကြောင့် လီရှောက်ရှင်းသည် ကျီဖန်ယင်းအ​ပေါ် ယုံကြည်မှု နက်ရှိုင်းလာတာဖြစ်သည်။ ထို့ကြောင့် ကျီရှင်းရှင်းထံမှ ဖုန်းလက်ခံရရှိပြီးနောက် ပထမဆုံးလုပ်ခဲ့သည့်အရာမှာ ကျီဖန်ယင်းကို ဆက်သွယ်ခြင်းဖြစ်သည်။

သူကို စိတ်မပျက်စေခဲ့ဘူး။ ကျီဖန်ယင်းသည် ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now