အခန်း၁၈၅

773 124 0
                                    

ကျီဖန်ယင်းသည် ဘိုင်ကျိုးကို စကားအနည်းငယ်ပြောရုံဖြင့် အနိုင်ယူနိုင်ခဲ့သော်လည်း စန်းရှန်းရန်နှင့် ဆက်ဆံရန်မှာ ထိုမျှမလွယ်ကူခဲ့ပေ။ သူသည် ပြောချင်သောစကားများအာလုံးကို စာရိုက်ပြီး သူမဆီ မက်ဆေ့ချ်ရှည်ကြီး ပို့လိုက်သည်။

တက္ကစီထဲရှိနေသော ကျီဖန်ယင်းသည် အမြန်အကျဥ်းချုံးကြည့်လိုက်သည်။ စန်းရှန်းရန်က ပြန်ဖျက်မသွားခင် မက်ဆေ့ချ်ကိုလည်း screenshot ရိုက်ထားခဲ့သည်။

သူ့ရည်ရွယ်ချက်တွေက တော်တော်ရှင်းပါသည်။

သူမ၏အစားထိုးလုပ်ငန်းအကြောင်း ကျီရှင်းရှင်းကို ပြောပြခဲ့တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပြီး ကောက်ကျစ်သောအကြံတစ်ခုကို ထုတ်ပြောလာခဲ့သေးသည်။

သူသည် ကျီဖန်ယင်း၏စပိုင်အဖြစ်နေပေးပြီး ကျီရှင်းရှင်း ၏လက်စားချေမှုကို ခုခံကာကွယ်ပေးမည်ဟု ပြောကြားခဲ့သည်။ အပြန်အလှန်အနေဖြင့် ကျီဖန်ယင်းသည် ကျီရှင်းရှင်း၏ငါးများကို ဖယ်ရှားရာတွင် သူနှင့်ပူးပေါင်းဆောင်ရွက်ရမည်။

စန်းရှန်းရန်က လက်တစ်ချောင်းမှမမြှောက်ဘဲ အချောင်လိုချင်နေတာပဲ။ သူသည် ကျီရှင်းရှင်း၏ ငါးဖမ်းလုပ်ငန်းတွင် ငါးများမကျန်ရှိတော့အောင် ကျီဖန်ယင်းကိုအသုံးချချင်​နေသည်။ ကျီရှင်းရှင်း သူမ၏ ငါးဖမ်းလုပ်ငန်းကို ဆုံးရှုံး​နေရသည့်အတွက် စိတ်ဓာတ်ကျကာ ထိခိုက်လွယ်သည့်အချိန်တွင် သူသည် သူရဲကောင်းလုပ်ကာ အားကိုးခံမည်ဖြစ်သည်။

ကျီဖန်ယင်းသည် သူ၏ မက်ဆေ့ခ်ျထဲမှ ကြီးမားသောအကြံအစည်သည် စိတ်ဝင်စားစရာကောင်သးည်ဟုတွေးမိနေသည်။

သူ့ကမ်းလှမ်းချက်သည် အခြေအနေတစ်ခုတည်းအပေါ် မူတည်ထားခဲ့တာပင်။' ကျီဖန်ယင်းက ကျီရှင်းရှင်းကို မယှဥ်နိုင်ဘူး။'

ပြီးတော့ ထိုအခြေအနေကို ဖုံးကွယ်ထားရန်မကြိုးစားခဲ့ပေ။

ရလဒ်အနေဖြင့် စန်းရှန်းရန်သည် ကျီဖန်ယင်း ကစားရန် သတင်းတစ်ခုကို ပေးပို့ခဲ့သလိုပင်။ သူမသည် screenshotရိုက်ထားခဲ့သည့် ခိုင်မာသောသက်သေကို စစ်ဆေးရန် ဖုန်းgalleryသို့ ဝင်ရောက်ခဲ့ပြီး မနေနိုင်မထိုင်နိုင် ကျီရှင်းရှင်းအတွက် စိတ်မကောင်းဖြစ်မိလိုက်သေးငည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now