အခန်း၂၇

2.3K 274 0
                                    

ဘိုင်ကျိုးဟာ ကျီဖန်ယင်း တခြားလူတစ်ယောက်ရဲ့ ကားထဲကနေ ထွက်လာတာကို မြင်ခဲ့တုန်းက သူမ ယောက်ျားတစ်ယောက်ကို ရှာတွေ့ခဲ့တာလို့ ထင်ခဲ့တယ်။

ကျီဖန်ယင်း ဘာပဲလုပ်လုပ် သူ့ကိစ္စမဟုတ်ပေမယ့် ထိုနေ့ကသူမ ကျီရှင်းရှင်းလိုဝတ်ဆင်ထားတာကို စဉ်းစားမိပြီး ကျီရှင်းရှင်း အယောင်ဆောင်ကာ တခြားသူတွေကို လှည့်စားနေသလားဟု သံသယဝင်လာခဲ့သည်။

သူ့မမရဲ့ ဂုဏ်သတင်းက အရေးကြီးပါသည်။

ဒါကြောင့် သူမနောက်ကို နောက်ယောင်ခံလိုက်ခိုင်းခဲ့တာဖြစ်သည်။ ကျီဖန်ယင်းသည် ကျီရှင်းရှင်း၏တက္ကသိုလ်တုန်းက အတန်းဖော်နှင့် ပရောပရည်လုပ်နေခဲ့သလို၊ စဉ်းစားကြည့်လျှင် သူမသည် စုန့်ရှီးယွီနှင့်လည်း ချိတ်မိနေသေးသည်။

ပြီးတော့ ထိုသူမှာလည်း မကြာသေးမီက ကျီရှင်းရှင်းကို ချစ်ခွင့်ပန်ခဲ့သော စုန့်ရှီးယွီဖြစ်သည်။

ဘိုင်ကျိုးသည် ဒီအလှည့်အပြောင်းကြောင့် ဒေါသထွက်သွားသည်။ သူသည် စိုစွတ်နေသောဆံပင်များဖြင့် ချက်ချင်းပင် ဆိုင်ကယ်ပေါ်သို့တက်ကာ နောက်ယောင်ခံလိုက်သူပို့​ပေးသောလိပ်စာဆီသို့ အမြန်​မောင်းသွားခဲ့သည်။  သူသည် ဖောက်ပြန်သော ဇနီးသည်ကို ဖမ်းရန် ဟော်တယ်အခန်းသို့ အပြေးအလွှား သွားနေသော ခင်ပွန်းနှင့် တူလုနီးပါးပင်။

ဘား၏အဝင်ဝတွင်၊ လုံခြုံရေးဝန်ထမ်းသည် ရှေ့သို့လှမ်းလာပြီး သူ့ကို တားလိုက်သည်။  "အသက်မပြည့်သေးတဲ့လူတွေ ဝင်လို့မရပါဘူး။"

ဘိုင်ကျိုးက မျက်မှောင်ကြုတ်လိုက်သည်။  သူက လုံခြုံ​ရေးဝန်ထမ်းကို ကြည့်ကာ ဖုန်းခေါ်လိုက်တယ်။

" ဟွာဇီ၊ မင်းတို့အိမ်က K+ဘားပိုင်တယ်မလား။ မင်းတို့လူတစ်ယောက်ကို ငါ့ကိုခေါ်လာခိုင်းလိုက်။"

ဘိုင်ကျိုးက အင်အားသုံးရတဲ့ နည်းလမ်းကို သုံးနိုင်ပေမယ့် အရမ်း ပေါ်လွင်သွားပါလိမ့်မယ်။ စုန့်ရှီးယွီနှင့် ကျီဖန်ယင်းတို့ သူရောက်လာတဲ့ အကြောင်းကို သိရှိကာ လွတ်သွားလျှင် သူ့ခရီးစဉ်က အချည်းအနှီး ဖြစ်သွားပါလိမ့်မည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now