အခန်း၁၈၄

733 119 3
                                    

ဧည့်​ကြိုဝန်ထမ်းသည် ကျီဖန်ယင်း၏ အင်္ကျီကို ထုတ်ယူကာ သူမဆီ ပေးလိုက်သည်။ ကျီဖန်ယင်းသည် ဘိုင်ကျိုးလှည့်ကြည့်ကာ "ဘိုင်ကျိုး၊ မင်းငါ့ကို အရင်က ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ မေ့သွားတဲ့ပုံပဲ။"

ထိုစကားများသည် ဘိုင်ကျိုးကို စကားမပြောအောင် ဖြစ်သွား​စေခဲ့သည်။

အရင်တုန်းက သူကျီဖန်ယင်းကို အထင်သေးခဲ့သည်။ သူမကိုယ်သူမ ယုံကြည်ချက်မရှိကာ အခြားသူများ သူမအပေါ် လုပ်သမျှအားလုံးကို လက်ခံနေသည်ကို သူလက်မခံနိုင်ခဲ့ပေ၊ အထူးသဖြင့် ကျီရှင်းရှင်းနဲ့ယှဥ်လျှင် လုံးဝကို ကွာခြားလွန်းနေသည်။

သူမကို တစ်စုံတစ်ယောက်က လာကူညီလျှင်ပင် သူ့ကို ဒေါသထွက်ခဲ့သည်။ ကျီဖန်ယင်းတောင် ဘာမှမပြောတာကို၊ သူကိုယ်တိုင်တောင် တိုက်ခိုက်မှုတွေအကုန်လုံးလက်ခံနေတာကို ဘယ်သူကကူညီပေးနိုင်မှာလဲ။

ဒါတွေအားလုံးက အခုချိန်တွင် သူ့ကို ပြန်ထိခိုက်လာခဲ့ပြီ။

ဒါပေမယ့် သူ့စိတ်ထဲတွင်တော့ ဘိုင်ကျိုးသည် ကျီဖန်ယင်းလည်း ဒီကိစ္စမှာ အပြစ်ရှိသည်ဟု တွေးသည်။ သူမ စောစော သတိဝင်လာပြီး ပြောင်းလဲခဲ့မယ်ဆိုရင် အရာအားလုံးက ကွဲပြားသွားနိုင်သည်။

"ဘိုင်ကျိုး၊ ငါမင်းကို တစ်ကြိမ်ထက်ပိုပြီးသတိပေးခဲ့တယ်။" ကျီဖန်ယင်းက အေးဆေးစွာပြောသည်။ "ငါတို့ရဲ့အလုပ်ချိန်အတွင်းမှာ ငါက'ကျီရှင်းရှင်း' ပဲ။ မင်းစိတ်ယိုင်သွားတဲ့အချိန် ကိုယ့်ကိုကိုယ်သတိပေးနေတာ ပိုကောင်းမယ်။"

ဘိုင်ကျိုး မျက်လုံးပြူးသွားသည်။ သူ့အတွင်းစိတ်ထဲမှ အတွေးများသည် ရုတ်တရက် ကျယ်လောင်လာသလို ခံစားလိုက်ရသည်။

ကျီဖန်ယင်းသည် သူ့ကို သတိပေးရန် သူမ၏ 'အလုပ်ချိန်အတွင်း' မသိမသာ အရိပ်အမြွက်များကို ပေးခဲ့သည်ပဲ။

'မမဘယ်သူလဲဆိုတာ သိလား'ကဲ့သို့သော မေးခွန်းများကို ရံဖန်ရံခါ မေးတတ်တာကို သူသတိထားမိပေမဲ့ အဲဒါတွေက သူ့ကို လက်တွေ့ကို သတိပေးနေခဲ့တာပင်။

... ငါ့စိတ်ကယိုင်နေပြီဆိုတာ သူသိနေတာ ကြာပြီပဲ။

ပြီးတော့ သူက ငါ့ကို အစကတည်းက ငြင်းထားတာပဲ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now