အခန်း၁၈၉

569 95 1
                                    

ကျီဖန်ယင်းသည် သဘောတူညီချက်နှင့်ပတ်သက်၍ အတွေးများရှိနေခဲ့သည်။

ဘိုင်ကျိုးနှင့် တွဲပေးပြီးနောက် နှလုံးသားမဲ့စွာ စွန့်ပစ်ခြင်းသည်က သူမပြောခဲ့သည့်အတွေးပင်။ သူမသည် သူ့ကို ဘယ်တော့မှထပ်မချစ်ချင်လောက်တဲ့အထိ နက်ရှိုင်းစွာ အမြစ်တွယ်စေမည့် စိတ်ဒဏ်ရာများကိုပေးရန် နည်းလမ်းများကို သိထားပါသည်။

ဒါပေမယ့် အဲဒါက သူမနဲ့ ဘိုင်ကျိုးကြားက လုပ်ငန်း၏ သဘောတူညီမှုကို ပြောင်းလဲသွားစေလိမ့်မယ်။

မစ္စဘိုင်၏ ကမ်းလှမ်းချက်ကို လက်ခံခြင်းတွင် အကျိုးကျေးဇူးများရှိသည်။ ငွေကြေးသည် အကြီးမားဆုံးသော အကြောင်းပြချက်ဖြစ်ပြီး နောင်တွင် ဘိုင်မိသားစု သူမကိုစာရင်းလာရှင်းမည့် ဖြစ်နိုင်ချေကိုလည်း ဖယ်ရှားလိုက်နိုင်မည်ပဲဖြစ်သည်။

မစ္စစ်ဘိုင်၏ကမ်းလှမ်းမှုကို ငြင်းပယ်၍ရနိုင်သော်လည်း အန္တရာယ်ရှိသည်။

မစ္စစ်ဘိုင်သည် အဖေ၊ အမေကျီတို့နှင့် မတူညီပေ။ သူမသာ တစ်စုံတစ်ယောက်ကို ပြဿနာပေးချင်လျှင် အသေးအဖွဲလှည့်ကွက်များကို အားကိုးနေမည်မဟုတ်ပေ။

မစ္စစ်ဘိုင်၏ကမ်းလှမ်းမှုတွင် ရွေးချယ်စရာနှစ်ခုသာရှိသော်လည်း ကျီဖန်ယင်းသည် နှစ်ခုစလုံးကိုမရွေးချယ်ရန် ဆုံးဖြတ်ခဲ့ပြီး သူမအတွက် တတိယမြောက်ရွေးချယ်မှုကို ဖန်တီးခဲ့သည်။

"မစ္စစ်က ရလဒ်ကိုပဲ စိတ်ဝင်စားတာဆိုတော့ ကျွန်မက မစ္စစ် လိုချင်တဲ့ ရလဒ်ကို ပေးနိုင်ပါတယ်။" ကျီဖန်ယင်းက ဆက်ပြီး "ဒါပေမယ့် ကျွန်မ ဘယ်လိုနည်းလမ်းပဲသုံးသုံး အဆင်ပြေတယ်မလား။"

"ဟုတ်တယ်၊ ရလဒ်ကိုပဲ စိတ်ဝင်စားတာ။" ဟု မစ္စစ်ဘိုင်က ပြန်ဖြေသည်။ "သူ့ရဲ့ကျန်းမာရေးတစ်ခုခုမဖြစ်သရွေ့ မင်းလုပ်ချင်တာလုပ်လို့ရတယ်။ ဒါဆို အဆင်ပြေပြီမလားယ"

ကျီဖန်ယင်းက ရုတ်တရက် တစ်ခုခုကို သတိရသွားပုံဖြင့် "ဘိုင်ကျိုး ခဏခဏ အစာအိမ်နာတတ်တယ်ဆိုတာ မစ္စစ်သိလား။"

မစ္စဘိုင်၏ လှုပ်ရှားမှုများ ခဏရပ်သွားသည်။ "ဟုတ်လား"

ထို့နောက် သူမလက်ကို မြှောက်ကာ မန်နေဂျာကို ဟင်းပွဲများချခိုင်းလိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now