အခန်း၅၄

1.8K 244 2
                                    

နောက်နေ့တွင် ကျီဖန်ယင်း၏အိမ်သို့ ဖိတ်စာတစ်စောင်ရောက်လာသည်။ အဲဒီနေ့၏နောက်နေ့တွင် ရုပ်ရှင်ကို ရုံတင်ပြသခဲ့ပါတယ်။

စုန့်ရှီးယွီသည် ယခုတစ်ကြိမ်တွင် ကြိုတင်ချိန်းဆိုမှုမလုပ်ခဲ့သော်လည်း ဘိုင်ကျိုးကတော့ ရောက်လာခဲ့သည်။

"ငါတစ်နေကုန် ကြိုချိန်းထားချင်တယ်။" ဟု သူက ဆိုသည်။ "ငါအပန်းဖြေဥယျာဉ်ကို အရင်သွား​ပြီး လေ့ကျင့်ချင်လို့။"

"ငါမနက်ဖြန် မရဘူး။" ကျီဖန်ယင်းက သူမရဲ့ ပြက္ခဒိန်ကို ကြည့်ပြီး ပြန်ဖြေတယ်။ "သဘက်ခါကော ဘယ်လိုလဲ"

ရုပ်ရှင်ကြည့်ပွဲ၏တည်နေရာသည် အတော်​ဝေးဝေးတွင်ရှိနေသောကြောင့် သူမသည်အိမ်ပြန်လာစဉ် ပြန်လည်သုံးသပ်ခြင်းကိုအပြီးသတ်​ရေးနိုင်​လောက်သည်။ ထို့ကြောင့် သူမသည် စောစောအိပ်ကာ နောက်နေ့ချိန်းဆိုမှုအတွက် ပြင်ဆင်ထားနိုင်မည်ဖြစ်သည်။

"မနက်ဖြန် မရဘူး?" ဘိုင်ကျိုးက ဒေါသထွက်သွားကာ "မင်းမှာ အလုပ်တွေကိုအများကြီးရှိတာပဲနော်။ ငါ့အတန်းတွေတောင် ဒီ​လောက်​မများဘူး။"

ဒါသည် အကောင်းဘက်မှမဟုတ်သော မှတ်ချက်တစ်ခုဖြစ်သော်လည်း ကျီဖန်ယင်းအတွက် အ​တွေးအချို့ကို ယူဆောင်လာခဲ့သည်။

ငါ့အချိန်ဇယားကို အကုန်သိအောင် အက်ပ်တီထွက်လိုက်ရမလား။ ဒီလိုဆို ဖောက်သည်တွေက ကြိုချိန်းချင်လို့ ဖုန်းခေါ်ဖို့ မလိုတော့ဘူး။ အက်ပ်ကို ​ကြည့်ပြီး အဆင်ပြေတဲ့အချိန်ကို ရွေးလိုက်ရုံတင်ပဲ။

အင်း၊ နည်းပညာက ဘဝကို ပိုလွယ်စေတာပဲ။

ကျီဖန်ယင်းသည် သူမ၏စိတ်ကူးကို စာအုပ်ထဲတွင် စိတ်အားထက်သန်စွာရေးသားထားခဲ့ပြီး သူမအချိန်ရလာသောအခါ ဒီအကြောင်းကို သေချာထပ်စဉ်းစားရန်ဆုံးဖြတ်ခဲ့သည်။

သူမသည် ဖောက်သည်များကို လက်ခံချင်စိတ်ရှိဖို့သာလိုသည်၊ ကျန်တာအားလုံး အက်ပ်ကအလိုအလျောက်လုပ်ပေးနိုင်တာမျိုး။

ထို့အပြင်၊ သူမ၏ဖောက်သည်များကို တိုးချဲ့ရန် စတင်စဉ်းစားရမည့် အချိန်လည်းဖြစ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now