အခန်း၁၆၁

885 129 2
                                    

ကျီဖန်ယင်းက ဖုန်းကို accesory​ဘူးတစ်ခုဆီ ကပ်ပြလိုက်ကာ "အဲဒီထဲမှာ ဘာရှိနေတယ်လို့ထင်လဲ။" လို့ မေးတယ်။

ချန်ယွမ်ရှန်းက တည်တံ့စွာ ပြန်ဖြေတယ် "ဘူးက ပြားတော့... လက်ကောက်?"

"မဟုတ်ဘူး"

"ဒါဆို လည်ဆွဲလား။"

ကျီဖန်ယင်းသည် ခေါင်းညိတ်ပြနေသလို ဖုန်းကို အထက်အောက်လှုပ်လိုက်ပြီး "နီးလာပြီ"

ချန်ယွမ်ရှန်းသည် နောက်ထပ် စက္ကန့်အနည်းငယ်မျှကြာအောင် သူသိသမျှ အမျိုးသမီးအသုံးအဆောင်များကို စဉ်းစားနေခဲ့သည်။ "မင်းသမီးလည်ဆွဲ?" (ဒါကကျ ကော်လာအရိုးလောက်ဘဲရှိတဲ့ လည်ဆွဲလေးပါတဲ့၊ ဆွဲသီးပါတဲ့ဟာမျိုးမဟုတ်ပါဘူး။)

ကျီဖန်ယင်း၏ နှုတ်ခမ်းများက စိတ်ဝင်စားစွာ တွန့်သွားသည်။ ထိုလူငယ်ကို မစနောက်တော့ရန် ဆုံးဖြတ်ပြီး သေတ္တာကိုဖွင့်လိုက်သည်။

သေတ္တာထဲတွင် ဘတ်စကက်ဘောပုံတစ်ခုပါသော ရွှေတံဆိပ်တစ်ခုရှိနေသည်။

ဆုတံဆိပ်ရဲ့ဒီဇိုင်းက အရမ်းမလှသော်လည်း နောက်ကွယ်မှ ခံစားချက်များက ရိုးသားတာကြောင့် သူမသည် ဂရုတစိုက် သိမ်းဆည်းထားခဲ့သည်။

တစ်စုံတစ်ခုကျသွားသလို ဖုန်း၏တစ်ဖက်ခြမ်းတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

မြင်ကွင်းသည် လှည့်ပတ်သွားပြီး နောက်ဆုံးမှသာ မျက်နှာကို အုပ်ထားသော ချန်ယွမ်ရှန်းဆီတွင် ရပ်တန့်သွားသည်။

"အရမ်းစိတ်မလှုပ်ရှားပါနဲ့" ကျီဖန်ယင်းက ဆက်စပ်ပစ္စည်းသေတ္တာကို ပိတ်လိုက်ပြီး "အစ်မက ဒီတံဆိပ်ကို ကောင်းကောင်းသိမ်းထားတဲ့အကြောင်း ပြချင်ရုံပဲယ"

ချန်ယွမ်ရှန်းသည် သူ၏နီရဲနေသော မျက်နှာကို မပြချင်တာကြောင့် သူ့ဖုန်းကို လှည့်လိုက်သည်။ သူက အားပျော့စွာ "...မတရားဘူး"

ကျီဖန်ယင်းက ထပ်မံကာ မွေးနေ့ဆုတောင်းစကားပြောလိုက်သည် "ဟက်ပီဘက်ဒေး"

သူမသည် လူငယ်လေးကို စနောက်ရတာ ပျော်စရာကောင်းနေပြီး စုန့်ရှီးယွီကို ရန်စသည်နဲ့ ခပ်ဆင်ဆင်တူပါသည်။ တစ်​ယောက်သည် အပြစ်ကင်းစင်တာကြောင့် ပျော်စရာကောင်းတာဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူမ၏အတွင်းစိတ်ထဲမှ ကောက်ကျစ်မှာကြောင့် ပျော်စရာကောင်းတာပါ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now