အခန်း၁၀၅

1.3K 182 1
                                    

ဖောက်သည်က ဖျားနေတဲ့အတွက် အလုပ်က ပိုရိုးရှင်းသွားပါသည်။

ဘိုင်ကျိုးက ဆေးသောက်ပြီးနောက် သူ့အခန်းကို မပြန်ဘဲ ဆိုဖာကို မီးဖိုချောင်နှင့် နီးသော နေရာကို ဆွဲယူသွားပြီး စောင့်အထူကြီးနှင့် ပတ်ကာ အိ​ပ်နေလေသည်။ လှဲနေရင်း ကျီဖန်ယင်း ဆန်ပြုတ်ပြုတ်နေသည်ကိုလည်း တစ်ချက်တစ်ချက် ကြည့်တတ်၏။

ကျီဖန်ယင်းက ဆန်ပြုတ်က တကယ်ကို နေရာတိုင်းအသုံးဝင်တာပဲဟု တွေးခဲ့သည်။ စုန့်ရှီးယွီ ဖျားနေတုန်းကဖြစ်စေ၊ ဘိုင်ကျိုး အစာအိမ်နာတာပဲဖြစ်ဖြစ်၊ သူတို့အတွက် ဆန်ပြုတ်ပဲ ပြုတ်ပေးစရာရှိပါသည်။

ဆန်ပြုတ်ထဲကို ကြက်ဥအနည်းငယ်ထည့်ပြီး ဆားအနည်းငယ်ဖြူး​ပေးထားသည်။ ဆန်ပြုတ်တိုက်နေတုန်း ကျိုးကျိုးက ဆန်ပြုတ်(ကျိုး) သောက်နေတယ်ဆိုသော သိပ်မရယ်ရတဲ့ ဟာသကို တွေးမိလိုက်သည်။

ဘိုင်ကျိုးက ခန္ဓာကိုယ်ကို စောက်ပတ်ထားလျက်ဖြင့် ထိုင်လိုက်သည်။ သူ့လက်သည် ဆန်ပြုတ်ကိုသောက်ရန် စောင်မှ ထွက်လာခဲ့သော်လည်း ချက်ချင်းပင် လျင်မြန်စွာ ပြန်ဆုတ်ခွာသွားခဲ့သည်။ သူက ကျီဖန်ယင်းကိုကြည့်ပြီး "မမ" ဟု တိုးတိုးလေးပြောလိုက်သည်။

"မင်းလက်​​လည်းနာနေတာလား။"

"ဟုတ်" ဘိုင်ကျိုးက မျက်တောင်မခတ်ဘဲ လိမ်လိုက်သည်။

ရွေးချယ်စရာမရှိတော့တာကြောင့် ကျီဖန်ယင်းသည် ပန်းကန်ကို ဘေးတွင်ချလိုက်ပြီး "အရမ်းပူနေသေးတယ်။နည်းနည်း​လောက် အအေးခံပြီးမှ သောက်ရအောင်လေနော်။"

ကျီရှင်းရှင်းသာဆို ထိုအပြုအမူကို သည်းခံနိုင်ပါ့မလားဟု သူမ တွေးမိသည်။

အင်း... သည်းခံနိုင်လောက်မှာပေါ့။

otomeဂိမ်းများကို ​ဆော့ဖူးသူတိုင်း 'ဖျားနာခြင်း' သည် အလွန်အရေးကြီးသော အ​ဖြစ်အပျက်တစ်ခုဖြစ်ကြောင်း သိကြလိမ့်မည်။ ဖျားနာနေတာကြောင့် လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် စိတ်သည် အားနည်းနေပြီး သူ၏နှလုံးသားကို ပိုမိုလွယ်ကူသည်။

... ကျီဖန်ယင်းသည် ဘိုင်ကျိုး၏ နှလုံးသားကို မလိုချင်ပေမဲ့လည်းပေါ့။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now