အခန်း၁၇၁

757 140 1
                                    

သူမ၏ ကြိုတင်စာရင်းသွင်းအက်ပ်အတွက် အပ်ဒိတ်အသစ်သည် မရသေးသောကြောင့် အရင်အခကြေးငွေပုံစံဟောင်းကိုအတိုင်းသာ ​ပေး​ချေခိုင်းရန် ဆုံးဖြတ်ခဲ့သည်။

"ဘာဖြစ်တာလဲ?" ကျီဖန်ယင်းက သူမတိုက်ခန်းတံခါးကို သော့ဖွင့်ရင်း မေးသည်၊ "ရှင့်အ​ပေါ်ဆက်ဆံပုံက လုံးဝပြောင်းလဲသွားလို့လား။"

"... ဟုတ်​တယ်" လီရှောက်ရှင်း တိုတိုတုတ်တုတ် ဖြေသည်။

ကျီဖန်ယင်းက "အို့"ဟု ဆိုကာ ခေါင်းညိတ်လိုက်တယ်။

ကျီရှင်းရှင်းက ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဘက်ပေါက်စုံကချဥ်းကပ်ရခြင်းက အရေးကြီးသည်ကို နားလည်ပုံရသည်။ သူမသည် အဖေကျီနှင့်အမေကျီကို ဆက်သွယ်ပြီး လီ​ရှောက်ရှင်းကိုလည်း ဒီအကြောင်းကို ပြောပြခဲ့သည်။ ငါထင်တာတော့ သူစန်းရှန်းရန်ကိုလည်း အတော်လေးနားလည်နေလောက်ပြီ။

အဲ့တော့...

လီ​ရှောက်ရှင်းက ငါ့ရဲ့ဖောက်သည်ဆိုတဲ့အကြောင်းနဲ့ သူလီရှောက်ရှင်းကိုလိမ်ခဲ့တဲ့အရာတွေကို ငါသိပြီးပြီဆိုတဲ့အကြောင်းတွေကို သူမသိသေးဘူး။

Relationshipထဲ နှိမ့်ချနေရသူသည် ယခုအချိန်တွင် လီရှောက်ရှင်းဖြစ်နေပုံပေါ်သော်လည်း နောက်ပိုင်းတွင် ကျီရှင်းရှင်းဖြစ်လာနိုင်သည်။

ဒါဟာ toxicဆန်တဲ့ ချိန်းတွေ့တဲ့ဂိမ်းတစ်ခုလိုပါပဲ၊ ပြောရမယ်ဆိုရင်တော့ အတော်လေးကို ပျော်စရာလည်းကောင်းပါသည်။

ကျီဖန်ယင်းသည် သူမ၏အတွေးကို သဘောကျကာ ရယ်မောလိုက်သည်။

"... မင်း ဘာရယ်တာလဲ"

"ဒါက သတင်းကောင်း မဟုတ်ဘူးလား" ကျီဖန်ယင်းက မေးတယ်။ "ရှင်တို့​ကြားကဆက်ဆံရေးကို ပြောင်းလဲဖို့ အချိန်တန်ပြီလေ။ အခုချိန်ထိ ရှင်တို့နှစ်ယောက်ကြားမှာ အရမ်းတည်ငြိမ်နေခဲ့ကြတယ်။ ကျွန်မသာ မမှားရင် သူက အခုချိန်ပြဿနာတစ်ခုခုတွေ့နေလောက်တယ်။ အဲ့ဒါကြောင့် သူက ရှင့်ကိုအားကိုးချင်နေတာ။"

"ဒါဆို ငါဘာမှလုပ်စရာမလိုဘူးလား။" လီရှောက်ရှင်းက မေးသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now