အခန်း၁၄၉

897 151 6
                                    

ခြုံပြောရရင် ကျီဖန်ယင်းက သူမ၏ပိတ်ရက်က မဆိုးပါဘူးဟု ထင်ပါသည်။

သူမသည် ငွေအမြောက်အမြားရရှိခဲ့သလို လုံလောက်စွာလည်း အနားယူနိုင်ခဲ့သည်။

လီ​ရှောက်ရှင်းသည် ခရစ္စမတ်နေ့ကတည်းက သူမကို ဖုန်းမခေါ်တော့တာကြောင့် သူအဆင်ပြေသည်ဟုပြနေသည်။ သူသည် လှုပ်ရှားမှုတိုင်းအတွက် 'သက်ရှိလမ်းညွှန်' ကျီဖန်ယင်းကို အမြဲလိုအပ်မနေတော့ပေ။

ကျီရှင်းရှင်းသည်လည်း ထိုအချိန်မှစ၍ သူမကို အနှောင့်အယှက်လာမပေးချေ။

ကျီရှင်းရှင်းသည် တစ်ခုခုကို လျှို့ဝှက်စီစဉ်နေပုံရသော်လည်း ရိုးရိုးသားသားပြောရလျှင် ကျီဖန်ယင်းသည်တော့ ဂရုမစိုက်ပေ။

အမှန်တော့ သူမသည် အပူအပင်မရှိသော စိတ်ခံစားမှုကင်းမဲ့သည့် ငွေရှာစက်ဖြစ်သည်။ ကျီရှင်းရှင်းက သူမကို ထိခိုက်အောင်ဘာလုပ်နိုင်မှာမလို့လဲ။

သူမ နာမည်ကိုဖျက်မယ်?

ကျီဖန်ယင်းက ပိုက်ဆံကိုသာ စိတ်ဝင်စားသည်။ သူမ၏ မိသားစုဝင်များ၏ ပြစ်တင်ရှုံ့ရှုမှုတို့ ဘာတို့သည် သူမအပေါ် အလုပ်မဖြစ်ပေ။

ငါးတွေကို ချုပ်မယ်?

ကျီရှင်းရှင်းသည် ကိုယ်မခွဲနိုင်တာကြောင့် သူမပေးသည့် အချိန်ကို မကျေမနပ်ဖြစ်မည့်သူများ ရှိလာမည်ဖြစ်သည်။

သူမရဲ့ အစားထိုးလုပ်ငန်းကို ဖျက်ဆီးမယ်?

ဘယ်လောက်ပဲ ချမ်းသာပြီး အဆက်အသွယ်တွေရှိတဲ့ စုန့်ရှီးယွီ၊ ဘိုင်ကျိုး၊ စန်းရှန်းရန်နဲ့ လီ​ရှောက်ရှင်းတို့ပဲ ဖြစ်စေ၊ သူတို့မှာ သူမ၏လုပ်ငန်းကို ဝင်ရောက်စွက်ဖက်ရန် အခွင့်အာဏာ မရှိကြပေ။

ကျီဖန်ယင်းသည် သူမ၏ အစားထိုးလုပ်ငန်းကို တစ်နည်းနည်းဖြင့် ဖျက်ဆီးနိုင်ခဲ့လျှင်ပင်၊ သူမသည် သူမ၏အချိန်နှင့် အားထုတ်မှုများကို စတူဒီယိုဘက်သို့ လှည့်ကာ အာရုံစိုက်နိုင်လိမ့်မည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမ ဆယ်ဘီလီယံရဖို့ဆိုတာ အချိန်တစ်ခုသာ လိုပါသည်။

ကျီရှင်းရှင်း ပြင်သစ်သို့မပြန်မီ တစ်ရက်အလိုတွင် ကျီဖန်ယင်းသည် ဖုန်းကိုထုတ်ကာ ကြိုတင်မှာယူသည့်အက်ပ်ကိုစစ်ဆေး​ကြည့်ခဲ့သည်။ ဒီနေ့သည် သူမ၏ နှစ်ပတ်တာပိတ်ရက်၏ နောက်ဆုံးနေ့ဖြစ်ပြီး မနက်ဖြန် ချိန်းဆိုမှုများ ပြန်လည်စတင်လာတော့မည်ဖြစ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူDove le storie prendono vita. Scoprilo ora