အခန်း၁၂၈

1.4K 228 7
                                    

ကျီဖန်ယင်းသည် ဤ 'ကိုယ်ကိုကိုယ်ပေးအပ်ခြင်း' ဖြစ်ရပ်သည် သူမ၏အနားယူသည့် ပထမဆုံးနေ့တွင် သူမကြုံတွေ့ရမည့် တစ်ခုတည်းသော ကံဆိုးမှုသာဖြစ်မည်ဟု တွေးခဲ့သော်လည်း သူမအိပ်ပျော်ပြီး သိပ်မကြာခင် မနက်၁နာရီတွင် လီရှောက်ရှင်းဆီမှ ဖုန်းရောက်လာခဲ့သည်။

လီရှောက်ရှင်း၏ အသံမှာ အနည်းငယ် တောင့်တင်းနေပြီး "ကျီရှင်းရှင်းဆီက ဖုန်းလာတယ်"

ကျီဖန်ယင်းသည် မျက်လုံးများကို မှိတ်ထားကာ စောင်ကို တင်းကြပ်စွာ ပတ်လိုက်ရင်း အိပ်ယာပေါ် လူးလှိမ့်ပြီး "အဲ့တော့?"

"... ငါမကိုင်ရသေးဘူး" ဟု လီရှောက်ရှင်းက ဆက်ပြောသည်။

ကျီဖန်ယင်း၏ စိတ်ထဲတွင် မေးခွန်းအမှတ်အသားများ ပေါ်လာသည်။ "ရှင့်ဖုန်းက ခုထိမြည်နေတုန်းလား"

"ဟုတ်တယ်"

ကျီဖန်ယင်းသည် မျက်လုံးများကိုပွတ်သပ်ကာ အချိန်ကိုကြည့်ရန် ဖုန်းကို ကြည့်လိုက်ပြီး "မစ္စတာလီ၊ ဒီအချိန်ဆို ကျွန်မကိုပေးရမဲ့စျေးနှုန်းကို သိလား။"

"ဖုန်းဆက်ပြီးရင် ငွေလွှဲပေးမယ်။" ဟု လီရှောက်ရှင်းကပြောသည်။ "ငါဘာလုပ်ရမလဲ"

ကျီဖန်ယင်းသည် အာဏာရှင်CEO၏ 'ငါ ဘာလုပ်ရမလဲ' ဟူသောစကားသည် အနည်းငယ် ချစ်စရာကောင်းသော်လည်း သနားစရာလည်းကောင်း​နေသည်ဟု တွေးမိလိုက်သည်။ သူမသည် အိပ်ယာဘေးက မီးတွေကို ဖွင့်ကာ ဖြည်းညှင်းစွာ ထထိုင်လိုက်တယ်။ သူမစိတ်တွေ ကြည်လင်လာသည်နှင့် "လောလောဆယ်... သူ့ကို လျစ်လျူရှုထားလိုက်" ဟု ပြောလိုက်သည်။

"လျစ်လျူရှုရမယ်?" လီ​ရှောက်ရှင်းသည် မကျေနပ်စွာ သူမ၏စကားကို ထပ်ပြောလာခဲ့သည်။ "ဒီအချိန်ကြီး ဖုန်းခေါ်လာတာဆိုတော့ သူ့မှာအရေးတကြီးပြောစရာရှိလို့နေမှာ။"

ကျီဖန်ယင်းသည် အိပ်ယာဘေး စားပွဲပေါ်တွင် တင်ထားသော လက်ပ်တော့ကို လှမ်းယူလိုက်သည်။ "အင်းလေ၊ အဲဒါကြောင့် လွယ်လွယ်နဲ့ အလျော့ပေးလို့မရဘူး။ ရှင်အခု ကျွန်မနဲ့ ဖုန်းပြောနေတာဆိုတော့ ကျီရှင်းရှင်းက ဘယ်ဖုန်းကို ခေါ်​နေတာလဲ။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now