အခန်း၁၀၀

1.8K 231 3
                                    

ဂရိနိုင်ငံသို့ လေယာဉ်ဆိုက်လာသောအခါ ကောင်းကင်သည် မှောင်​နေသည်။ ဘယ်လိုပဲဖြစ်ပါစေ ရာသီဥတုသည် သာယာကောင်းမွန်​နေပြီး တိုင်းတစ်ပါးသို့ရောက်လာပြီဖြစ်တာကြောင့် အလျင်အမြန်ပင် လန်းဆန်းသွားသည်။

ငါသာ ဒီကို အလုပ်မရှိဘဲ ခရီးထွက်ဖို့ပဲလာခဲ့တယ်ဆိုရင်။

သူတို့သည် ဟိုတယ်တွင်မတည်း​ဘဲ ဘိုင်မိသားစု၏ အပန်းဖြေဗီလာတစ်ခုတွင် နေဖို့လုပ်ခဲ့ကြသည်။ အိမ်​တော်ထိန်းများသည် ဗီလာကို ဂရုတစိုက်ထိန်းသိမ်းထားသောကြောင့် ဘယ်လောက်ဘဲလူမရှိ​နေတာကြာပါစေ တန်းနေနိုင်ပါသည်။

ဤကဲ့သို့အရာများသည် လူအများစုအတွက်​ အရမ်းကိုလွန်ကဲစွာပိုလွန်းသော်လည်း အချို့အတွက်တော့ နေ့စဉ်ဘဝထက် မပိုပေ။

ဘိုင်ကျိုးသည် ဂရိမြေပေါ်သို့ ခြေချသည့်အခိုက်တွင် လေယာဉ်၌ ဖြစ်ပျက်ခဲ့သော မကျေနပ်မှုများအားလုံးကို မေ့သွားပုံရသည်။ ဗီလာကိုရောက်တာနဲ့ သူခရီးဆောင်အိတ်ကို ချကာ စိတ်လှုပ်ရှားနေတဲ့ အပြုံးဖြင့် "မမ ကျွန်တော်နဲ့လိုက်ခဲ့။ လုံးဝမိုက်တဲ့နေရာကို လိုက်ပြမယ်။"

ကျီဖန်ယင်းက ဗီလာတဝိုက်ကို လှည့်ပတ်ကြည့်ရင်း "မင်း စောစောက လေယာဉ်ပေါ်မှာ တစ်ရေးတောင် မအိပ်ခဲ့ဘူးမလား။ အရင်ဆုံး အနားယူလိုက်ပါ့လား။"

သူတို့ ဆင်းသက်လာချိန်က ဘယ်လိုတောင် အရုဏ်တက်ဖြစ်နေတာလဲဆိုတာကို တွေးရင်း စက်အင်ဂျင်ကိုလည်ပတ်ရန် ကောင်းကောင်း အိပ်ဖို့လိုနေသည်။

"ကျွန်တော် နည်းနည်းလေးမှကို မပင်ပန်းဘူး။" ဘိုင်ကျိုးသည် ဖိနပ်စင်ပေါ်ရှိ သော့ကို စိတ်လှုပ်ရှားစွာ ယူလိုက်ပြီး ကျီဖန်ယင်းအား တက်ကြွစွာ "သွားရအောင်။ ဒီနေရာကို ကျွန်တော် ဘာလို့အရမ်းသ​ဘောကျတာလဲဆိုတာကို ပြောပြမယ်။"

ရိုးရိုးသားသားပြောရလျှင် ကျီဖန်ယင်းသည် ယခုအချိန်တွင် ပင်ပန်းနေပြီဖြစ်သည်။ သူမသည် လေယာဉ်ဆိုသည့်အရာနှင့် မကိုက်ပေ။

သို့သော် သူမ၏ဖောက်သည်သည် အလွန်တက်ကြွသောကြောင့် အခြားရွေးချယ်စရာမရှိပေ။ သူမသည် ခရီးဆောင်အိတ်ကို ဗီလာထဲတွင် ချခဲ့ပြီး ဘိုင်ကျိုးနှင့် အပြင်ဘက်သို့ ကူကယ်ရာမဲ့​သော အပြုံးဖြင့် လိုက်ပါသွားခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now