အခန်း၉၄

1.6K 253 6
                                    

စန်းရှန်းရန်တွင် မေးခွန်းထုတ်စရာ ပင်ကိုယ်စရိုက်ရှိသော်လည်း၊ သူ၏ အရည်အချင်းသည်တော့ သံသယဝင်စရာမရှိပေ။

တက္ကသိုလ်တက်နေကတည်းကပင် ဆုရ ဇာတ်ကားတိုအချို့ကို ထုတ်လုပ်ခဲ့ကာ ဘွဲ့ရပြီးနောက် သူ၏ပထမဆုံးသောရုပ်ရှင်မှာ အကြီးအကျယ် အောင်​​မြင်ခဲ့သည်။ နိုင်ငံခြားတွင်ပင် ထုတ်လွှင့်ပြသခဲ့ပြီး အကောင်းဆုံး လူသစ်ဆုကို ရရှိခဲ့ပါတယ်။

စန်းရှန်းရန်၏မိသားစုသည် ရုပ်ရှင်ရိုက်ကူးရေးပညာကို လေ့လာနေခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။ သူ့ကို ဖိအားပေးဖို့ ငွေကိုပင် ဖြတ်တောက်ပစ်ခဲ့တဲ့အထိ လုပ်ခဲ့သည်။

သို့သော်လည်း စန်းရှန်းရန်သည် လက်မလျှော့ခဲ့ပေ။ သူ၏ ကြိုးစားအားထုတ်မှုဖြင့် ရိုက်ကွင်းတွင် ဒါရိုက်တာ​​နေရာကို ယူနိုင်ခဲ့သည်။ လက်ရှိတွင် သူသည် သူ၏ ပထမဆုံးကြော်ငြာအတွက် ပြင်ဆင်နေပြီး ရင်းနှီးမြှုပ်နှံသူ အများအပြားသည် သူ့အပေါ် မျှော်လင့်ချက်များစွာ ထားခဲ့ကြသည်။

ဖြစ်နိုင်လျှင် ကျီဖန်ယင်းသည်လည်း စန်းရှန်းရန်၏ရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံချင်ပါသည်။

သူ့ဇာတ်ကားထဲတွင် ဘယ်ဇာတ်ကားက ပေါက်မလဲဆိုတာ သူမသိသည်။

တစ်ခုတည်းသောပြဿနာမှာ သူသည် ယခုအချိန်တွင် အလွန်နာမည်​ကြီးသောကြောင့် ရင်းနှီးမြုပ်နှံမည့်လူများ ပေါများသည်။

စန်းရှန်းရန်၏စိတ်​နေစိတ်ထားကို ကျီဖန်ယင်းသည် ယခင်က စဉ်းစားကြည့်ခဲ့သည်။

ဘိုင်ကျိုးနှင့် စုန့်ရှီးယွီတို့၏ ကိုယ်ရည်ကိုယ်သွေးများသည် သူတို့ကြီးပြင်းလာမှု၏ ရလဒ်များသာဖြစ်လျှင် စန်းရှန်းရန်သည်တော့ ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် ကောက်ကျစ်တဲ့ သဘာဝနဲ့ မွေးဖွားလာခဲ့သူဖြစ်ပါသည်။

သူ၏အချစ်ပင်လျှင် မသန့်စင်ပေ။

သာမာန်လူတစ်ယောက်သည် လမ်းဘေးမှာ ပွင့်လန်းနေတဲ့ ပန်းလှလှလေးတစ်ပွင့်ကို တွေ့သောအခါ ရေလောင်းပေးပြီး မှတ်မိဖို့အတွက် ဓာတ်ပုံရိုက်တတ်ကြပါသည်။ ဒါပေမယ့် စန်းရှန်းရန်သည်တော့ ပန်းတစ်ပင်လုံးကို နှုတ်ကာ သူ့အိမ်မှာ စိုက်သောလူမျိုးပါ။ အကယ်၍ ပန်းပွင့်လေးသည် သူ့၏ ကြမ်းတမ်းစွာ ဆက်ဆံမှုကြောင့် မတော်တဆ သေဆုံးသွားပါက သူသည် ပခုံးတွန့်ကာ အသစ်တစ်ပွင့်ကို သွားရှာလိမ့်​မည်ဖြစ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now