အခန်း၈၀

1.7K 241 4
                                    

သူသည် ဒီစကားဝိုင်းကို အဆုံးသတ်ကာ အကြောင်းအရာ​ပြောင်းတော့မည့်အချိန် ကျီဖန်ယင်းသည် ရုတ်တရက် သူ့နဖူးကို တူဖြင့်ခေါက်လိုက်ကာ "ကိစ္စတွေအားလုံးကို တစ်ယောက်တည်းမြိုသိပ်မထားနဲ့။ စိတ်ထဲခုနေတာရှိရင် ချက်ချင်းပြော၊ ငါ့ကို ရင်ဖွင့်လိုက်ရင် ဘာမှမဖြစ်သွားတောင် အနည်းဆုံး စိတ်ထဲတော့ပေါ့သွားလိမ့်မယ်။"

ဘိုင်ကျိုးက ကျီဖန်ယင်း သူ့ကို ရုတ်တရက် ထိလာဖို့ကို မမျှော်လင့်ထားပေ။ နဖူးပေါ်မှ နာကျင်မှုကြောင့် သူမကို စူးစူးဝါးဝါး စိုက်ကြည့်ကာ "ဘာလုပ်တာလဲ" ဟု ပြောလိုက်သည်။

"မင်းအဲဒီလူနဲ့ မကစားစေချင်ဘူးဆို သူနဲ့ထပ်မကစားတော့ဘူးနော်၊ ဟုတ်ပြီလား။" ကျီဖန်ယင်းက ခေါင်းကို​ခေါက်ခဲ့သော တူကို ရှေ့မှာချပြီး "ငါတကယ် အတူတွဲကစားချင်တဲ့သူဆိုလို့ မင်းပဲရှိတာ။ တခြားလူတွေက ဒုတိယပဲ၊ သိပြီလား။"

ဘိုင်ကျိုးက မျက်မှောင်ကြုတ်ကာ "ဒါ​ပေမယ့်​ မမဘဲ ကျွန်တော့်ကို..."

"အရေးမကြီးဘူး။ အဲဒီလူရဲ့ လိင်၊ ရုပ်ရည်၊ လူမျိုး ဒါမှမဟုတ်လည်း နောက်ခံပဲဖြစ်ဖြစ် ဘာမှအရေးမပါဘူး။" ကျီဖန်ယင်းက ချက်ချင်း သူ့စကားကိုဖြတ်ကာ ပြင်းထန်တဲ့လေသံနဲ့ "မင်းနဲ့ ယှဉ်လို့တောင် မရတဲ့လူတွေအတွက် မင်းရဲ့အချိန်တွေကို မဖြုန်းနဲ့။"

ဘိုင်ကျိုး: "…"

သူ့မျက်နှာက တဖြည်းဖြည်းနီ​ရဲလာသည်။  သူသည် တူကို ကောက်ကိုင်လိုက်ပြီး အနီးဆုံး ပန်းကန်ထဲမှ ဟင်းကို လှမ်းယူကာ ပါးစပ်ထဲသို့ ချက်ခြင်းထည့်လိုက်သည်။

ကျီဖန်ယင်းသည် ဘိုင်ကျိုးကို လှည့်စားနိုင်ခဲ့သည့်အတွက် ဝမ်းသာ​နေသည်။

ဘိုင်ကျိုး၏ စကားများသည် မရှင်းမလင်းဖြစ်နေသော်လည်း ဖြစ်ပျက်ခဲ့သည်များကို အဖြေရှာရန်မှာ မခက်ခဲပေ။

ကျီရှင်းရှင်း ယုံကြည်မှုအရမ်းလွန်ကဲကာ ငါးနှစ်ကောင်ကို တစ်ပြိုင်နက် မျှားဖို့ ကြိုးစားခဲ့ပြီး ပေါ်သွားခဲ့ခြင်းသာ ​ဖြစ်နိုင်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now