အခန်း၉၉

1.4K 197 3
                                    

"မင်းဘာရယ်​နေတာလဲ" ဘိုင်ကျိုးက မေးသည်။

ကျီဖန်ယင်း ပြန်မဖြေရသေးခင်မှာ လူငယ်လေးသည် သူ့ဘာသာကြည့်ရန် သူမဖုန်းကို လုယူ​သွားပြီဖြစ်သည်။ ထို့နောက် မထီမဲ့မြင် "Weibo? အဲ့တော့ မင်းက အွန်လိုင်းပေါ်မှာ တစ်ယောက်တည်း စကားပြောတတ်တဲ့လူမျိုးပေါ့။"

သူသည် ကျီဖန်ယင်း၏အကောင့်ထဲသို့ ဝင်ကာ သူမ၏ဂဏန်းခုနှစ်လုံးရှိ​သော followerအရေအတွက်ကို တွေ့လိုက်ရသောအခါ နှုတ်ဆိတ်သွားတော့သည်။

"အဲ့လိုပဲဆိုပါတော့။" ကျီဖန်ယင်းက လှောင်ပြောင်သော အပြုံးတစ်ခုဖြင့် ပြန်ပြောသည်။

ဘိုင်ကျိုးသည် ကျီဖန်ယင်း၏ဖုန်းကို အချိန်အတော်ကြာအောင် ​ဆော့ကစားပြီးနောက်မှ ပါဝါပိတ်ကာ သူမထံသို့ ပြန်ပေးလိုက်သည်။

ကျီဖန်ယင်း ဖုန်းကို ပြန်ရချိန်တွင် စက်ပိတ်ဖို့ အချိန်ရေတွက်နေပြီ။ သူမရဲ့ Weiboတွင် နောက်ထပ် ပို့စ်အပိုတစ်ခု ရှိနေတာကို သတိပြုမိလိုက်သည် [အနားယူဖို့သွားတော့မယ်၊ မနှောင့်ယှက်ကြပါနဲ့။]

သူမ၏ 'follower' အရေအတွက်သည်လည်း တစ်စထက်တစ်စ တိုးလာပုံရသည်။

ကျီဖန်ယင်း : "..."

သူမသည် ညဘက် အချိန်ရှိသောအခါ ဘိုင်ကျိုးကို unfollowရန် စိတ်ကူးထားလိုက်သည်။

"ဘာလို့လဲ။ ပြဿနာရှိလို့လား။" ဘိုင်ကျိုးက ကျီဖန်ယင်းရဲ့အမူအရာကိုမြင်ပြီးနောက် ဒေါသတကြီး "ငါက မင်းရဲ့ဖောက်သည်ပဲ။ တစ်ခုခုတောင်းဆိုလို့​တောင် မရဘူးလား"

"မင်းငါ့ကိုတောင်းဆိုလို့ရပါတယ်၊ ဒါပေမယ့် ငါ့မှာငြင်းပိုင်ခွင့်လည်းရှိတယ်" ကျီဖန်ယင်းက အေးဆေးတည်ငြိမ်စွာပြန်ဖြေတယ်။ "ငါက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကြားမှာ ရှင်းရှင်းလင်းလင်း မျဉ်းဆွဲထားတယ်ဆိုတာ ငါနင့်ကိုအရင်ကတည်းကပြောခဲ့တယ်၊ မှတ်မိလား။"

ဘိုင်ကျိုးသည် သူမ၏ တုံ့ပြန်မှုကြောင့် ထိတ်လန့်သွားသည်။ ထို့နောက် နာရီကို တစ်ချက်စိုက်ကြည့်လိုက်သည်။

ဒါပေမယ့် ကျီဖန်ယင်းက သူ့ထက် ပိုမြန်စွာ "နောက်ထပ်နှစ်မိနစ်လိုသေးတယ်။ မင်းငါ့ကိုသတိပေးဖို့မလိုပါဘူး။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now