အခန်း၁၆၀

1K 164 0
                                    

ကျီဖန်ယင်းသည် စားစရာဝယ်ရန် အနီးနားရှိ ၂၄ နာရီဖွင့်သောစတိုးဆိုင်သို့ သွားခဲ့သည်။ သူမရဲ့ လက်ဖက်ကြက်ဥထုပ်​ပေးတာကို စောင့်ရင်း လွတ်သွားသော အသိ​ပေးချက်များကို စစ်ဆေးဖို့ ဖုန်းကို ထုတ်လိုက်တယ်။

ဘိုင်ကျိုးရဲ့ ကြိုတင်မှာယူမှုတောင်းဆိုချက်​တွေက သူမရဲ့ဖန်သားပြင်မှာ ပြည့်​နေခဲ့သည်။ သူမရဲ့ ဘဏ်စာရင်းလက်ရှိငွေထဲတွင်လည်း ယွမ်သန်းနှစ်ဆယ်နီးပါး တိုးလာပါသည်။

ကျီဖန်ယင်းက စဉ်းစားလိုက်ပြီးနောက် မနက်ဖြန်အတွက် ဘိုင်ကျိုးရဲ့ ကြိုတင်စာရင်းသွင်းမှုကိုသာ အတည်ပြုရန် ဆုံးဖြတ်လိုက်သည်။ သူမသည် အခြားတောင်းဆိုချက် ၁၂ ခုလုံးကို ပယ်ချပြီး သူ့အား ငွေပြန်အမ်းပေးခဲ့သည်။

သူမ၏ဖောက်သည်များသည် အမြဲကြိုတင်စာရင်းသွင်းနေကြတာကြောင့် ရံဖန်ရံခါရောက်လာသည့် တစ်နေကုန်စာရင်းသွင်းမှုမှာ သူမအတွက် သိပ်ကြီးကြီးမာမားမဟုတ်ပေ။ ဒါပေမယ့် ဘိုင်ကျိုးကိုသာ လက်ခံပေးလိုက်ရင် ပင်ပန်းလွန်းလို့ မ​ကြာခင်သေနိုင်သည်။

WeChatမှတဆင့် သူမ၏အစားအစာအတွက်ပေးချေလိုက်သည်။

အိမ်အပြန်လမ်းတွင် သူမသည် အစားထိုးလုပ်ငန်းအတွက်systemကို ဘယ်လိုထပ်ပြောင်းလဲနိုင်မည်ကို တွေးတောနေရင်းမှ နွားနို့ကို ငုံ့သောက်လိုက်သည်။

ပထမဆုံးတစ်ခု၊ ဖောက်သည်တစ်​ယောက်တည်းနဲ့ အစုလိုက်အပြုံလိုက် ကြိုတင်စာရင်းသွင်းတာကို တားသင့်တယ်။ တစ်နေ့၁၅နာရီနှုန်းနဲ့ နှစ်ပတ်ဆက်တိုက် အလုပ်လုပ်ရရင် ငါသေမှာပဲ။

ကိုယ့်ကိုကိုယ် ထိုအတိုင်းအတာအထိ တွန်းမပို့နိုင်ပေ။

ကျီဖန်ယင်းသည် စိတ်ထဲတွင် အစီအစဉ်ကို အကြမ်းဖျင်း ​ရေးဆွဲခဲ့သည်။ အိမ်ပြန်ရောက်သောအခါတွင် သူမသည် ကြိုတင်စာရင်းသွင်းသည့်အက်ပ်ကို ပြုလုပ်​ပေးသည့် ပရိုဂရမ်မာကို WeChatထဲတွင် ရှာဖွေရန် ဝင်လိုက်သည်။

Wechatထဲဝင်လိုက်ရာ ချန်ယွမ်ရှန်းသည် သူမထံ မက်ဆေ့ချ်အနည်းငယ်ကိုပေးပို့ထားသည်ကို သတိပြုမိလိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now