အခန်း၁၆၉

667 123 1
                                    

ကုန်စုံဆိုင်သည် ကျီဖန်ယင်းရဲ့အိမ်၏ မလှမ်းမကမ်းတွင်ရှိသော်လည်း၊ သူမသည် Odenကို ပျော်ရွင်စွာစားရင်း အချိန်ဆွဲ​ကာ လမ်းလျှောက်​နေခဲ့ပါသည်။ စားစရာတွေ ကုန်သွားသောအခါ သူမသည် ခွက်အလွတ်ကို အနီးဆုံးအမှိုက်ပုံးထဲကို လွှင့်ပစ်လိုက်သည်။

ထိုအချိန်တွင် သူမ၏တိုက်ခန်း အဆောက်အဦးရှေ့တွင် ကားတစ်စီးရပ်နေသည်ကို တွေ့လိုက်ရသည်။ ကားတွင်းမှမီးများသည် ပွင့်နေသဖြင့် အထဲမှာ တစ်စုံတစ်ယောက် ရှိနေနိုင်သည်။

ငါ့ကိုလာရှာကြတာလား။

ကျီဖန်ယင်းက မျက်ခုံးပင့်ကာ ကားကို စိုက်ကြည့်​နေသည်။  သူမ အိတ်ကပ်ထဲသို့ ပေါ့ပေါ့ပါးပါးနှိုက်ကာ သူမ၏နွားနို့ဘူးကို ထုတ်ယူလိုက်သည်။ သူမအဖုံးကိုဖွင့်ကာ တစ်ကျိုက်သောက်လိုက်သည်။

အေးစိမ့်​နေသောပတ်ဝန်းကျင်တွင် နွားနို့ပူပူသောက်ရသည်မှာ ကြည်နူးစရာကောင်းလှသည်။

သူမသည် ကားကို လျစ်လျူရှုရန် ဆုံးဖြတ်ကာ သူမ၏တိုက်ခန်း အဆောက်အဦးထဲသို့ တည့်တည့်ဝင်သွားခဲ့သည်။

သို့သော် သူမ လျှောက်သွား​နေစဉ် လူနှစ်ယောက်သည် ကားထဲမှ အပြေးအလွှား ထွက်လာကြပြီး တစ်ယောက်က "ရပ်စမ်း" ဟု အော်လေသည်။

ကျီဖန်ယင်းလှည့်၍ လူနှစ်ယောက်ကို နှစ်စက္ကန့်ကြာ အကဲဖြတ်လိုက်သည်။  သူမသည် ဒီတစ်ကြိမ်တွင် သူတို့ကို ပိုမိုမြန်ဆန်စွာ မှတ်မိနိုင်ခဲ့သည်။

အဖေကျီနဲ့ အမေကျီ။

ငါကျီဖန်ယင်းကို လျှော့တွက်ထားမိပုံပဲ။ ဒီလို ဆိုးရွားတဲ့ ကဒ်တွေကို အရင်ထုတ်လိမ့်မယ်လို့ ထင်မထားမိဘူး။ ငါ့ရဲ့ဝှက်ဖဲ လီ​ရှောက်ရှင်းကိုတောင် ဒီမှာအသုံးမတည့်ဘူး။

အမ်၊ သိပ်တော့လည်း ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သူတို့ကို နည်းနည်းပါးပါးမျက်နှာဖြတ်ရိုက်ပြီး နှင်ထုတ်လိုက်ရုံပေါ့။

"ဘာကိစ္စရှိလို့လဲ။" ကျီဖန်ယင်းက သူမ၏​နွားနို့ကို လက်ထဲတွင်ကိုင်ထားရင် ဘာသိဘာသာ မေးလိုက်သည်။ "ကျွန်မဒီမှာနေတာလို့ ဘယ်သူပြော​ပြလိုက်တာလဲ"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now