အခန်း၈၅

1.5K 221 2
                                    

ပြိုင်ပွဲကိုကြည့်ရင်း ကျီဖန်ယင်းသည် သူမကို တစ်ယောက်ယောက် မသိမသာ ကြည့်နေသည်ကို သတိပြုမိသည်။

စုန့်ရှီးယွီဆိုတာ ပြောစရာပင်မလိုပေ။

ချန်ယွမ်ရှင်းသည် ထို​နေ့က စားသောက်ဆိုင်တွင် သူနှင့် ဘလိုင်းဒိတ်တွေ့ခဲ့သူဖြစ်သည်။

ကျီဖန်ယင်းဟာ အားလပ်ရက်တွင် သူမဖောက်သည်နှင့်ဘတိုးလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဘူးပေမဲ့ အလုပ်ချိန်ပြင်ပတွင် သူ့နှင့်ဆက်ဆံစကားပြောရန် စိတ်မ၀င်စားပေ။  ထို့ကြောင့် သူမသည် သူ့အကြည့်ကို လျစ်လျူရှုကာ ပြိုင်ပွဲကိုသာ အာရုံစိုက်ခဲ့သည်။

နောက်ဆုံး ဖိုင်နယ်ရောက်နေပါပြီ။ ပွဲသည် ပြင်းထန်လွန်းသဖြင့် အလုံပိတ်အားကစားရုံအတွင်းတွင် နှစ်သင်းစလုံး၏ အားပေးသူများ၏အသံများသာ ကျယ်လောင်စွာထွက်ပေါ်နေသည်။

ချန်ယွမ်ရှန်း၏အသင်းက အနိုင်ရကာ ပွဲပြီးဆုံးသွားခဲ့ပါသည်။ လူအုပ်ကြီး၏ လက်ခုပ်သံများသည် ကျယ်လောင်စွာထွက်ပေါ်လာပြီး ချန်ယွမ်ရှင်းသည်လည်း မတ်တပ်ရပ်ကာ အနည်းငယ်ခုန်လိုက်သည်။

ကျီဖန်ယင်းသည် ညစာဘာစားရမလဲကို စဉ်းစားရင်း လူအုပ်နှင့်အတူ လက်ခုပ်တီး​နေခဲ့သည်။

ဆုပေးပွဲအခမ်းအနားသည် အတော်လေး ခမ်းနားပါသည်။ တတိယ​နေရာနှင့် စတုတ္ထ​နေရာ​တို့ကို ဖိုင်နယ်ပွဲစဉ်များနှင့်အတူ တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ကစားခဲ့ပြီး တတိယဆုရရှိသည့်အသင်းကိုလည်း ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဆုပေးခဲ့သည်။

ဆုပေးပွဲပြီးတာနဲ့ ချန်ယွမ်ရှန်းသည် ဆုတံဆိပ်ဖြင့် ရပ်နေသော ပရိသတ်များထံ ပြေးသွားကာ ကျီဖန်ယင်းရဲ့ အာရုံကို ဖမ်းစားနိုင်ရန် သူ့လက်ကို ဝှေ့ယမ်းပြီး "အစ်မ၊ အစ်မ"

ကျီဖန်ယင်း မသိစိတ်မှ မတ်တပ်ထရပ်လိုက်သော်လည်း၊ သူမသည် ချန်ယွမ်ရှင်းဆီသို့ အမြန်လှည့်ကြည့်လိုက်သည်။

"ကျွန်မကိုခေါ်တာမဟုတ်ပါဘူး။ ကျွန်မတို့ကဝမ်းကွဲလည်း ဝမ်းကွဲ၊ ရင်းလည်းရင်းနှီးတော့ နာမည်ပဲတပ်ခေါ်ကြတယ်။" ချန်ယွမ်ရှင်းက အမြန်ရှင်းပြပြီးနောက် ပါးစပ်ကို လက်​ဖြင့်အုပ်ကာ တခစ်ခစ်ရယ်ပြီး "ရှင်အမြန်သွားသင့်တယ်၊ သူဘယ်လောက်တောင် စိတ်ပူနေလဲ ကြည့်ပါဦး။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now