အခန်း၅၇

1.8K 267 4
                                    

ထိုအချိန်တွင် အဖေကျီသည် ပေါက်ကွဲလုဆဲဆဲတွင် အခြေအနေ ရှိနေသည်။ သူသည် သည်းမခံနိုင်တော့ကာ အ​မေကျီ၏လက်ကိုဆွဲပြီး VIPနား​နေခန်းသို့ လျှောက်သွားခဲ့သည်။

"ကျေးဇူးပြုပြီး ဖိတ်စာလေးကို ပြပေးလို့ရမလားဗျ။"

VIPနားနေခန်းရှေ့မှာ ​ရှိနေတဲ့ လုံခြုံရေး အစောင့်များက သူတို့ကို တားလိုက်သည်။

"ကောင်လေး၊ ငါဘယ်သူလဲ မသိဘူးလား။"  အဖေကျီက ဒေါသထွက်စွာ မေးလိုက်သည်။

လုံခြုံရေးအစောင့်သည် ပုံမှန်လေသံဖြင့် ပြန်ပြောသည် "​အားနာပါတယ်၊ ကျွန်တော်ကအသစ်မို့လို့ လူ​ကြီးမင်းတို့နှစ်ယောက်ကို မသိပါဘူးဗျ။ VIPနား​နေခန်းကို ဝင်သုံးခွင့်ရှိမရှိ အတည်ပြုဖို့ လူ​ကြီးမင်းတို့ရဲ့ ဖိတ်စာတွေကို ကျွန်တော့်ကို ပြပေးရင် ကျေးဇူးတင်မိမှာပါ။"

အမေကျီသည် သူမအိတ်ထဲမှ ဖိတ်စာများကို ထုတ်ရင်း အ​ဖေကျီကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

လုံခြုံရေးအစောင့်သည် ဖိတ်ခေါ်စာများပေါ်ရှိ QRကုဒ်ကို အမြန်စကင်န်ဖတ်ပြီးနောက် အခက်တွေ့နေသောမျက်နှာဖြင့် ပြန်လှည့်ကာ "လူ​ကြီးမင်းတို့နှစ်ယောက်က VIPစာရင်းထဲမှာ မပါဝင်ပါဘူးဗျ။" ဟုဆိုသည်။

"စောစောက ဝင်သွားတဲ့ အမျိုးသမီးက ငါတို့သမီးလေ။ သူကျ ဘာလို့ VIPနား​နေခန်းကို ဝင်သုံးလို့ရတာလဲ"  ဒေါသထွက်နေသောအသံဖြင့် အဖေကျီက မေးသည်။

"စောစောက မစ္စကျန်းနင်နဲ့ အတူဝင်လာတဲ့သူကို ပြောတာလားဗျ​။"  လုံခြုံရေးအစောင့်က မေးသည်။

"... စောစောက သူနဲ့အတူပါလာတဲ့ဘူက ကျန်းနင်လား။"

"ဟုတ်ပါတယ်" ဟု လုံခြုံရေးအစောင့်က ပဟေဋိဖြစ်နေသောမျက်နှာဖြင့် ပြန်ဖြေသည်။  "ခွင့်လွှတ်ပါ၊ ဒီနေ့ပွဲကိုစီစဉ်တဲ့သူကို မမှတ်မိဘူးလားဗျ။"

အဖေကျီ၏ မျက်နှာသည် ဆိုးရွားသွားခဲ့သည်။

ကျီမိသားစုသည် အလတ်အဆင့်​တွင်ရှိ​နေခဲ့ပြီး သူတို့သည် နယ်ပယ်တစ်ခုဆီက  'အထက်တန်းလွှာ' လူတန်းစားနှင့် ဆက်ဆံရန်မှာ သိပ်မလွယ်ပေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now