အခန်း၁၁၀

1.7K 233 4
                                    

"မင်းအစ်မစောင့်နေတာလား၊ ဒါမှမဟုတ် ပုံမှန်လည်း ဒီလောက် နောက်ကျတဲ့အထိ​ နေတာလား။"

ချန်ယွမ်ရှန်းသည် ခုနလေးတင်ကပဲ မယုံနိုင်လောက်အောင်ပင် တုန်လှုပ်နေသေးသော်လည်း ကျီဖန်ယင်း၏အသံကိုကြားလိုက်ရသည်နှင့် တစ်နည်းနည်းကြောင့် စိတ်ငြိမ်သွားခဲ့သည်။ "အစ်မ ကျွန်တော့်ကို တစ်နေကုန် စာမပြန်တော့ ကျွန်​တော် နည်းနည်းစိုးရိမ်ပြီး အိပ်မပျော်ဘူးဖြစ်နေတာ။"

"အစ်မ အခုရက်ပိုင်း နည်းနည်း အလုပ်ရှုပ်မှာဆိုတော့ မင်းရဲ့မက်ဆေ့ချ်တွေကို မြန်မြန်ပြန်မဖြေနိုင်လောက်တော့ဘူး။" ကျီဖန်ယင်းက စကားမဆက်ခင် ခဏလောက် ခေတ္တရပ်လိုက်သည် "စာနဲ့ပြောတာထက် လူကိုယ်တိုင်ပြောတာ ပိုကောင်းမယ်ထင်လို့။ အစ်မတို့တွေ့ပြီးပြောရင် ပိုကောင်းမယ်ဆိုပေမဲ့ အစ်မက အခုလောလောဆယ် နိုင်ငံခြားမှာဆိုတော့လေ။"

ချန်ယွမ်ရှန်းသည် နောက်တစ်ကြိမ် ထပ်ကြောက်ရွံ့လာပြီး နှုတ်ခမ်းများကို တင်းတင်းကြပ်ကြပ် ဖိကာ "အစ်မကို အံပေါင်း မပို့ဖို့ကိုလား။" ဟု မေးလိုက်သည်။

"ဒါက မင်းဆုတောင်းပေးတဲ့နည်းလမ်း၊ တခြား ရည်ရွယ်ချက်တွေ မရှိဘူးဆိုတာ အစ်မသိပါတယ်" ကျီဖနိယင်းက ဆက်ကာ "ဒါပေမယ့် အစ်မ လက်ခံမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အစ်မတို့ရဲ့ဆက်ဆံရေးကြားထဲ... ပိုက်ဆံတွေပါမလာစေချင်ဘူး။"

ချန်ယွမ်ရှန်းသည် ခေါင်းငုံ​ပြီး သူ၏လှုပ်​နေ​သောခြေချောင်းများကို ကြည့်ကာ "... ကျွန်တော် အစ်မ ပန်းတွေ ပို့ဖို့ စိတ်ကူးထားပေမဲ့ ခုက နောက်ကျနေပြီးတော့ အစ်မလည်း အလုပ်ရှုပ်နေတယ်လေ။"

"အင်း..." ကျီဖန်ယင်း စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ "အစ်မ မင်းကို အဲ့အကြောင်းလဲပြောချင်သေးတယ်။ မင်းက အစ်မအပေါ် အရမ်းရိုးသားတော့ မင်းကိုလည်း အတူတူလောက် ပြန်လေးစားပေးရမယ်လို့ အစ်မ တွေးတယ်။"

ချန်ယွမ်ရှန်းက ကျီဖန်ယင်း ဘာပြောမယ်ဆိုတာကို ချက်ချင်းသိလိုက်သည်။ ကျီဖန်ယင်း ဆက်မပြောရသေးခင်မှာပဲ သူက "အခု ရည်းစားမထားချင်သေးဘူးလို့ပြောမလို့မလား။ အစ်မ ပြောချင်တာကို ကျွန်တော်သိပါတယ်။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now