အခန်း၈၉

1.4K 208 1
                                    

"သေချာပေါက် နောက်ဆုံး ဖော်ထုတ်ခံရမှာပဲမဟုတ်ဘူးလား။" ကျီဖန်ယင်းက ချက်ချင်း "အဖော်ထုတ်မခံရရင် ရုပ်ရှင်ရဲ့ အကောင်းဆုံးအပိုင်းကို ဆုံးရှုံးလိုက်သလိုပဲ"

"ဒါပေမယ့်လည်း ဇာတ်အိမ်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ မထင်ဘူးလား" စန်းရှန်းရန်က မေးသည်။ "တကယ်တော့ ကျွန်တော်အရမ်းသိချင်နေခဲ့တာ။ မင်းတို့နှစ်ယောက်ကလည်းအမွှာတွေပဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ခွဲလို့မရနိုင်လောက်တဲ့အထိ ဟန်ဆောင်နိုင်လား။"

ထိုအချိန်တွင် စားပွဲထိုးသည် ပထမဆုံးဟင်းလျာကို လာချသောကြောင့် ချက်ချင်း အဖြေမရခဲ့ပေ။

စားပွဲထိုး ထွက်သွားပြီးပြီးချင်းမှာပဲ ကျီဖန်ယင်သက သူ့ရဲ့မေးခွန်းကို ​ပြန်ဖြေသည် "ကျွန်မလည်း တကယ် သိချင်တယ်၊ အဲလို တစ်ခါမှ မစမ်းကြည့်ဖူးဘူးဆိုတော့လေ။"

စန်းရှန်းရန်က "အမွှာနှစ်ယောက်က ရုပ်ရည်တူတာကိုသုံးပြီး နေရာလဲ​ကြလောက်တယ်လို့ ကျွန်တော်ထင်နေခဲ့တာ။" စန်းရှန်းရန်က ဝမ်းနည်းစွာ သက်ပြင်းချပြီး ပြန်ပြောခဲ့ပါသည်။

ကျီဖန်ယင်းသည် သူထင်ထားသည့်အတိုင်း ဖမ်းရခက်သည့်အတွက်ကြောင့် သူတကယ်ပင် ဝမ်းနည်းမိပါသည်။  သို့သော်လည်း လက်လွှတ်ရန် အစီအစဉ်မရှိပေ။ သူသည် သူမဆီသို့ ငါးစာချရန် လုပ်ခဲ့သည်။

ထို့ကြောင့် ခြေတစ်လှမ်းဆုတ်ကာ အခြားရှုထောင့်မှ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ "မ​နေ့က စုန့်ရှီးယွီ​ မင်းအကြောင်းတွေကို ပြောပြတယ်... မိဘတွေက နည်းနည်း ဘက်လိုက်တယ်ဆို။"

ကျီဖန်ယင်းသည် စိတ်အားထက်သန်စွာ စားနေရာမှ ရပ်လိုက်သည်။

သူမက ခေါင်းကိုမော့ပြီး စန်းရှန်းရန်ကိုကြည့်ကာ "ဒါရိုက်တာစန်း၊ ရှင့်ရဲ့စကားပလ္လင်ခံတာက အရွယ်ရောက်ပြီးသားလူတွေအတွက် အချိန်ဖြုန်းသလိုပဲလို့ မထင်မိဘူးလား။"

စန်းရှန်းရန်သည် နှစ်စက္ကန့်မျှ သူမ၏ ပြတ်သားစွာငြင်းဆန်မှုကြောင့် ရင်ထိတ်သွားပြီး ဖြည်းညှင်းစွာ "မင်းလည်း ထက်မြက်တာပဲ ထင်တယ်။ မင်းနဲ့ သိတဲ့လူတွေဆီက မင်းအကြောင်းတွေ ကျွန်​တော် ကြားခဲ့တယ်။ မင်းမိဘတွေက ရှင်းရှင်းကိုပဲ ဂရုစိုက်ကြပြီး မင်းကို အိမ်မှာ မရှိတဲ့လူလိုသဘောထားတယ်ဆို။ သူတို့မှာ သမီးလေးတစ်ယောက်ပဲရှိသလိုနေကြတယ်တဲ့… အဲ့လိုဟုတ်လား။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now