အခန်း၁၂၀

1.5K 211 3
                                    

​နောက်နှစ်လအတောအတွင်း ကျီဖန်ယင်းသည် 'အိမ်ပြန်ဖို့ရန် ဖျားယောင်းသွေးဆောင်ခြင်း' အက်ပ်တွင် တည်ငြိမ်စွာ တိုးတက်နေခဲ့သည်။ သူမသည် ကျန်းနင်နှင့်အတူ ဇာတ်ညွှန်းရေးစတူဒီယိုတစ်ခုကို တည်ထောင်ကာ သူမ၏ရုပ်ရှင်သုံးသပ်ချက်လုပ်ငန်းကို တိုးချဲ့နိုင်ခဲ့သည်။

ဇာတ်ညွှန်းရေးခြင်းသည် လူသိပ်မသိတာကြောင့်နဲ့ အထင်သေး၍မရပေ။ ဇာတ်ညွှန်းကောင်းတစ်ခုရဖို့သည် ခက်ခဲသည်။

အထူးသဖြင့် ယခုခေတ်ရုပ်ရှင်များနှင့် ဒရမ်မာအများစုသည် ဝတ္ထုများ သို့မဟုတ် အရင်ရုပ်ရုင်များကိုသာ ပြန်လည်ရိုက်ကူးနေကြတာဖြစ်သည်။ ထို့ကြောင့် ထူးခြားသော ဇာတ်ညွှန်းသပ်သပ်များကို ရှာတွေ့ရန်မှာ ခက်ခဲလာသည်။

ကျီဖန်ယင်းဟာ သရုပ်ဆောင်ကို နှစ်အတော်ကြာအောင်လုပ်ခဲ့တာ​ကြောင့် ဇာတ်ညွှန်းရေး၊ ဒါရိုက်တာ၏အလုပ်များနှင့် ဇာတ်ကားရိုက်ရန် လိုအပ်သည့် မတူကွဲပြား​သောအလုပ်တွေကို ရင်းနှီးကျွမ်းဝင်​နေပါပြီ။ ပြီးတော့ သူမသည် ဇာတ်ညွှန်းရေးစတူဒီယိုတွင် အသံတိတ်သာနေခဲ့တာမဟုတ်ဘဲ စတူဒီယိုရဲ့လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့ပါသည်။

ကျန်းနင်၏အဆက်အသွယ်များနှင့် သူမ၏ရိုက်ကူးရေးဆိုင်ရာ ကျွမ်းကျင်မှုများကြောင့် အလုပ်များသည် သိသိသာသာပင် ပြီးမြောက်သွားနိုင်ခဲ့သည်။ နှစ်လဆိုသည့်ကာလတိုအတွင်း သူမတို့၏စတူဒီယိုသည် ပထမဆုံးရုပ်ရှင်ကိုပင် စတင်ရိုက်ကူးနေပြီဖြစ်သည်။

ဒီအတွက် ကျီဖန်ယင်းဟာ ရိုက်ကူးရေးကို ကြီးကြပ်ဖို့ရန် သူမရဲ့အစားထိုးအလုပ်ကို သုံးရက်ကြာ ရပ်နားထားခဲ့ပါသည်။

သူမ၏အမြင်အရ ဒီဇာတ်ကားသည်ပေါက်သွားနိုင်ပါသည်။

သူမရဲ့အစားထိုးအလုပ်အကြောင်းပြောရလျှင် အတော်လေး ချောမွေ့နေခဲ့ပါသည်။ ပြဿနာများရှိခဲ့သော်လည်း သူမ၏ထက်မြက်သောဉာဏ်နှင့် သွက်လက်သောလျှာတို့ကြောင့် အထစ်အငေါ့မရှိဘဲ ဖြေရှင်းနိုင်ခဲ့သည်။

သူမတွင် အခုအချိန်တွင် ဖောက်သည် သုံးဦးသာရှိသော်လည်း သူတို့နှင့်နင် အလုပ်များနေပါပြီ။ ဖောက်သည် သုံးဦးစလုံး၏ ချိန်းဆိုမှုများသည် တည်ငြိမ်လာသည်နှင့်အမျှ ကျီဖန်ယင်းသည် ကြိုတင်စာရင်းသွင်းသောလုပ်ငန်းစဉ်ကို အလိုအလျောက်လုပ်ဆောင်ရန် ပရိုဂရမ်တစ်ခုတီထွင်ရန် ကောင်းမည်ဟု တွေးလာခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now