အခန်း၈၁

1.5K 229 2
                                    

ဘိုင်ကျိုးက သူမကို စိုးရိမ်​နေ​သော အပြုံးတစ်ခုဖြင့် ကြည့်နေသည်ကို သတိပြုမိသောကြောင့် သူမသည်လည်း နူးညံ့သောအပြုံးဖြင့် ပြန်တုံ့ပြန်လိုက်ပြီး ပါးစပ်ထဲသို့ နောက်ထပ် အသားတစ်ဖတ်ထည့်လိုက်သည်။

ကျီရှင်းရှင်း ဘာပြောလိုက်သည်ကို သူမ မသိသော်လည်း ဘိုင်ကျိုး၏ မျက်နှာသည် ရုတ်တရက် နက်​မှောင်လာသည်။ သူက စိတ်တိုနေသော လေသံဖြင့် "… ဒီနေ့ည ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဘယ်သူပြော​ပြတာလဲ။ စုန့်ရှီးယွီလား။"

ကျီဖန်ယင်းသည် စားရင်း ထိုမေးခွန်းကို စဉ်းစားနေသည်။

စုန့်ရှီးယွီက ကျီရှင်းရှင်းကို စောစောက ပွဲတုန်းက အဖြစ်အပျက်တွေကို ပြောပြခဲ့တာလား။

အနည်းဆုံးတော့ လက်ရှိအချိန်တွင် တရားမ၀င်ကလေးကိစ္စသည် ကျီရှင်းရှင်း၏နှလုံးသားထဲမှ ဘိုင်ကျိုးရဲ့အနာဂတ်ကို ထိခိုက်သွားပုံမပေါ်ပေ။ ထို့အပြင်၊ စုန့်ရှီးယွီသည် ရိုးသားပြီး လိမ္မာပါးနပ်သော ဇာတ်ကောင်မျိုးကို ဟန်ဆောင်ထားတာဖြစ်သည်။  သူသာ အခြားသူ၏အကြောင်းကို အတင်းအဖျင်းပြောလျှင် သူဘက်သာ ပို၍ နစ်နာမည်ဖြစ်သည်။

တရားခံက တခြားသူဖြစ်ရမယ်။

သတင်းအချက်အလက်များကို အခြေခံပြီး တွေးတတ်သော ပင်ကိုယ်ဥာဏ်သည် 'ပင်လယ်ဘုရင်' အတွက် အလွန်အရေးပါ,ပါသည်။ ကျီဖန်ယင်းသည် အခြေအနေကို ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနေချိန် ဘိုင်ကျိုး၏ စကားဝိုင်းသည် နောက်တစ်ခုသို့ ပြောင်းသွားခဲ့ပြီဖြစ်သည်။

"မနက်ဖြန်လား။" ဘိုင်ကျိုးရဲ့လက်ချောင်းသည် စားပွဲပေါ်တွင် ထိတ်လန့်တကြား လှုပ်ရှားသွားသည်။ "… ကျွန်တော် အကောင့်ကို အဘန်းခံထားရလို့ အခုတလော မမနဲ့ ကစားလို့မရလောက်ဘူး။ ကျွန်တော့် အကောင့်ကို အဘန်းခံထားရတာ လွတ်သွားတာနဲ့ ဖုန်းလှမ်းဆက်လိုက်မယ်။"

ကျီဖန်ယင်းသည် အလွန်အားယား​နေ​သောကြောင့် ဘိုင်ကျိုးကို ကူညီ ရေတွက်ပေးခဲ့သည်။

ယခုအချိန်အထိ အလိမ်အညာသုံးခုရှိပြီး တစ်ခုစီတိုင်းသည် ယခင်ထက် ပိုမိုချောမွေ့လာပါသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now